Unicode
မိုးတွေက အပြင်မှာ ရွာနေတယ် အိမ်တော်ထဲက သခင်လေးကတော့ အပြင်မထွက်ရလို့ စိတ်ကောက်နေလေရဲ့
ငါဘာလို့ အပြင်မသွားရတာလဲ
ငါက ကလေး မဟုတ်တော့ဘူးလေ
ငါအခု အသက် လေးနှစ်ရှိနေပြီ
မေမေက ငါ့ကို မိုးရွာလို့အပြင်မထွက်ခိုင်းဘူး
ငါ အပြင်ထွက်ချင်တယ်
ပွစိပွစိ တစ်ယောက်ထဲရေရွတ်ရင်း နီကျားဟာ နည်းလမ်းရှာနေပါတယ်
သူအောင်ပင့်ကို တွေ့ချင်တယ် မတွေ့ရတာ ရက်အတော်ကြာပြီ သူ့ရဲ့နဂါးလေးဟာ ဒိီရက်ပိုင်း သိပ်မအားဘူး
ခုတလော နီကျား ကလေးအသွင်သဏ္ဍာန်ကိုမလိုချင်တော့။
အရွယ်ရောက်ပြီးသား ပုံစံဖြင့်သာ နေသားကျချင်သည်
အောင်ပင့်ကို သူ့ရဲ့ကြွက်သားတွေပြချင်တယ် အောင်ပင့်ဆီမှာရှိမလားလည်း သိချင်တယ်
သူ့တို့ရဲ့ အရပ်အနေအထားကြောင့် စကားပြောရင်း အောင်ပင့်ကိုငုံ့ကြည့်ရတာသဘောကျတယ်
အောင်ပင့်ကသူ့ကိုပြန်မော့ကြည့်တိုင်း မြင်ရတဲ့ မျက်တောင်ဖျားလေးတွေ သူထိကြည့်ချင်တယ်
အပေါ်စီးကနေမြင်နေရတဲ့ နှုတ်ခမ်းပါးလေး
သူတွေးနေရင်းနဲ့ပင် နှာခေါင်းမှ အပူလှိုင်းများအား ခံစားမိနေသည်
အား သူအောင်ပင့်ကို ဘာလုပ်ချင်နေတာလဲ😑
နီကျား အတွေးဆိုးတို့ကို မောင်းထုတ်လိုက်ရင်း နဂါးလေးအား တွေ့ချင်လာသည်
အမြဲမြင်တွေ့ချင်နေတာက အချစ်ဆိုရင် သူအောင်ပင့်ကို ချစ်မိနေသည်လားပင်မသဲကွဲ
ဘာပဲဖြစ်ဖြစ်နဂါးလေးဆီရောက်ဖို့အတွက်
အိမ်တော်ကအစောင့်တွေ လစ်တုန်း ခိုးထွက်ရမည်ပင်.................
အိမ်တော်ရှေ့တွင် အဖြူရောင်၀တ်ရုံရှည်ကို ခြုံထားသော လူတစ်ဦးသည် တံခါးအား ခေါက်ရနိုး မခေါက်ရနိုး
