12-တစ်နှစ်ပြည့်တဲ့နေ့

2.4K 275 18
                                        

Unicode

ဒီနေ့က အောင်ပင့်နဲ့ စတွေ့တာ တစ်နှစ်ပြည့်တဲ့နေ့

ဒီနေ့က အောင်ပင့်ကို မွေးနေ့ဖိတ်တာ တစ်နှစ်ပြည့်တဲ့နေ့

ဒီနေ့က အောင်ပင့်နဲ့အတူကစားတာ တစ်နှစ်ပြည့်တဲ့နေ့

ဒီနေ့က......

ဒီနေ့က......

ဒီနေ့က......

အာ့လိုနဲ့ အိမ်တော်ရဲ့ ပြက္ခဒိန်ဟာ မင်ရာဗလပွနဲ့ နေ့ရက်တိုင်းအမှားချစ်ခံထားရသတဲ့

"ကျားလေး ထမင်းစားမယ်"

သခင်မကြီးခေါ်နေတာကိုတောင်မကြားဘဲ မှင်တံကြီးကိုတံတွေးစွတ်လိုက် ပြက္ခဒိန်ကြီးမှာ မှတ်လိုက်နဲ့ အလုပ်ရှုပ်နေသူကတော့ အိမ်ရဲ့ ရှုမငြီးတဲ့ အဆိုးတုံးလေး နီကျားပါပဲ

"ကျားလေးရေ "

"ကျားလေး"

"ကျား.."

"စားမယ် ဟုတ်ပြီလား"

စိတ်မရှည်သည့်အသံဖြင့် အမေကိုလှည့်‌ေြပာကာ ပြက္ခဒိန်ကြည့်ပြီး ပြုံးဖြဲနေပုံက ရိုက်ချင်စရာ

..................................

🎼ထမင်းစားပြီး တစ်မျိုးလို အိပ်ရာ၀င်လည်း တစ်မျိုးလို အောင်ပင့်ကို အောင်ပင့်ကို🎼

လေလေးချွန်ကာ သီချင်းလေးညည်းရင်း ကမ်းခြေဘက်ထွက်လာတော့ တွေ့နေကြနေရာက ငွေပြာရောင်ပုံရိပ်လေး

အနားကို ရုတ်တရက်ကပ်ကာ နောက်ကနေ ခါးကိုလှမ်းတို့တော့

"နီကျား မစနဲ့ကွာ"

ရုတ်တရက်အဆွဲခံလိုက်ရခြင်းနဲ့အတူ လူက အောင်ပင့်ဆီပါသွားသည်

ကလေးကိုယ်နှင့် မို့ အောင်ပင့်ရင်ဘတ်ပေါ် လူကကားယား

ဒါကိုသဘောကျကာ အောင်ပင့်က လူကို ကလိပြန်ထိုးသည်

"ယားတယ် အောင်ပင့် တော်တော့

"အောင်ပင့် တော်တော့ဆို"

"အာ့ ယားတယ်ဆို"

"အာ့..." ဒီ တစ်ခါအော်သံက နီကျားဆီမှမဟုတ်တော့

ရုတ်တရက်ဆန်စွာ အရွယ်ရောက်ပြီး ခန္ဓာကိုယ်တစ်ခုက အောင်ပင့်အား အနေအထား ပြောင်းပြန်ဖြစ်စေသည်

What did I do?(Unicode+Zawgyi)Tempat di mana cerita hidup. Terokai sekarang