Unicode
နီကျားတစ်ယောက် အိမ်တော်ပြန်မည့်အရေးကို လေးဖင့်နေပြန်သည်
သူ့မိဘများကို သွားခေါ်ရမည် ဆိုသော်လည်း သူ သွားနေစဉ် သူ့နဂါးလေးအား တစ်နေရာရာပို့ကာ အစဖျောက်လိုက်မည်ကို သူစိုးရိမ်နေသည်
နဂါးမင်းကြီးတွင်အကြံမရှိဘူးဆိုတာ သူဘယ်လိုမှ မယုံနိုင်ဘူး
သူ့ရဲ့ နဂါးလေးကို အပါခေါ်သွားမည်ဆိုတော့လည်း သူ့ကြောင့် အချစ်ဒဏ်ရာရကာ လမ်းပင်မလျှောက်နိုင်ဖြစ်နေသည်ဆိုတော့ ဘယ်လိုလုပ်ရပါ့
နဂါးမင်းကြီးကလည်း သူ့သားတော်ကို ကလေးလေးလို ပွေ့ပြီးခေါ်သွားမှာကို ခွင့်မပြုနိုင်လောက်ပေ
သူ့နဂါးပေါက်လေး သက်သာမှ အတူသွားရဖို့အရေး သွားလျှောက်တင်ရပေအူးမည်
"ယောက္ခမကြီး"
ပုလ္လင်တော်ရှေ့ အရိုသေပေးကာခေါ်လာသည်က ပိုင်စိုးပိုင်နင်း
"ဘာပြောချင်လို့လဲ သားမက်တော်"
မတတ်နိုင်ဘူး ကိုယ့်သားမျက်နှာကြောင့် ရေလိုက်ငါးလိုက်ပြောပေးရမှာပဲ
"မိဘချင်းတွေ့ပေးမယ့်အစီအစဉ်ကို ခဏ ဆိုင်းငံ့ထားပေးလို့မရဘူးလား အရှင့်ရဲ့ သားတော် ရဲ့အခု အ ေြခအနေအရ ကျွန်တော်နဲ့ အတူသွားဖို့က နည်းနည်း.."
"သိပြီ ဒါပေမယ့် မင်းတစ်ယောက်ထဲ သွားလို့မရဘူးလား"
"ကျွန်တော် ပြောရမှာ အားနာပေမယ့် တစ်ခဏလေးတောင် ထားမသွားနိုင်လို့ပါ ယောက္ခမကြီး အခုတောင် မဖြစ်လို့ ထွက်လာရတာပါ ယောက္ခမကြီး"
"ရပြီ တော်ပြီ သဘောပေါက်ပြီ"
"သားတော် သက်သာတာနဲ့ မင်းမိဘတွေကို သွားအကြောင်းကြားချည်"
"ဟုတ်"
ဟုတ်ဟုဆိုသံက တံခါး၀ဆီက ဘယ်အချိန်ကတည်းက ပြန်ချင်လို့အပေါက်၀ရောက်နေမှန်း မသိ
....................................................
"ကျွီ"
နဂါးငယ်လေးအနားယူနေသည်ကို နိုးမည်စိုးသောကြောင့် တံခါးကို အသာအယာဖွင့်လိုက်ပါသော်လည်း

ANDA SEDANG MEMBACA
What did I do?(Unicode+Zawgyi)
Fiksyen PeminatThe beginning of the problems was me😆