အပိုင်း(1)

14.7K 460 20
                                    

"တောင်းပန်ပါတယ် မရယ် ....တိုင်း တကယ်တောင်းပန်ပါတယ် ..လုံးဝ တိုင်း လုံးဝ မသိတာ ပါ.."

"ဘာ  .ဟဲ့ နင့်ကိုလေ အဲ့လိုတွေကြောင့် ငါလုံးဝ ကြည့်မရတာ အတိုင်းတာ ..ငါ့ကို နင့်ဆော့စရာ အရုပ်လိုများသဘောထားတာလား...အဟက်  ..နင်ဟာလေ တကယ်ကိုပဲ....တောက်..!!"

တိုင်းလည်း အရမ်းစိတ်ညစ်မိပါတယ်။ ဒီနေ့မနက် မရဲ့ မွေးနေ့မှာ လုံးဝ Surpise ဖြစ်စေချင်လို့ လက်ဆောင်ပုံးစီစဉ်ထားသော်လည်း မိမိရဲ့ သူတော်ကောင်း သူငယ်ချင်းများရဲ့ ဆေးကြောင့် မရဲ့ စိတ်ပျက်မှုကိုရပြန်ပြီ။

ဒီနေ့မနက်နိုးနိုးခြင်း မှာ မအတွက် အရမ်းစိတ်လှုပ်ရှားပြီး
လက်ဆောင်ပုံးထဲမှာ နှင်းဆီပွင့်လေးများနှင့် မ ဓာတ်ပုံလေးတွေကို snow ballလေးနဲ့ အစီအစဉ်တကျ ထည့်ထားပေမယ့် မရဲ့ အလုပ်မှာ သူငယ်ချင်းများက ထိုလက်ဆောင်ပုံးထဲ မြွေအရုပ်ကို ထည့်လိုက်ခြင်းဖြစ်သည်။

မမသုနှိုင်းသျှင်ဟာ အစထဲက ဒေါသကြီးသူဖြစ်သလို ၊ စိတ်ဆက်ဆက်ထိမခံသူ။ လူကြီး အရမ်းဆန်သောကြောင့် ထိုသို့စသော် လုံးဝ စိတ်ဆိုးသွားပုံပါပဲ။

"အဲ့တာ မိသူတို့ ."

"တော် အတိုင်းတာ .. ငါ ဘာမှ မကြားချင်ဘူး
နင် အဲ့လို သူငယ်ချင်းတွေနဲ့ ပတ်သတ်နေလို့ အခုလိုပေါ့ပျက်ပျက်ဖြစ်နေတာ ငါလေ နင့်ကို ဦးလေးနဲ့ကို တိုင်မှာ.."

အတိုင်းတာ က သုနှိုင်းသျှင်နှင့် အငယ်လေးထဲက အရမ်းကို ခင်ကြသော အိမ်နီးနားခြင်းများဖြစ်သည်။တာက အငယ်လေးထဲက အတော်ကို ဆိုးသလို၊ မိဘစကားနားမထောင်သူ တစ်ဦး။ သု စီးပွားရေး တက္ကသိုလ်စတတ်တော့ သူမကလေးက
5တန်းလောက်ရှိအုံးမည်။ ထိုအချိန်ကတည်းက လုံးဝ မတည့်သော တိုင်းနှင့် သု။ကလေးသာ ပြောတယ် ထိုအချိန်ထဲက သုကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒုက္ခရောက်အောင် လုပ်သည်ဟု ထင်မိသည်။ သူ့ကြောင့်ပဲ သု 9တန်းစတတ်တုန်းက လက်ကျိုး ဖူးလေသည်။ ထို့ကြောင့် သူနဲ့ ဝေးဝေးနေလေသည်။

အခုလည်း သု အလုပ်လုပ်တဲ့ Hotel အထိ လာစသော
ထိုကလေးမ။

"မကလည်း ဗျာ ...တိုင်း လုပ်တာ မဟုတ်ဘူးလို့ အဲ့တာ
မက အမြဲတမ်း တိုင်းဆို မကောင်းပဲ မြင်နေတော့တာ.."

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"Όπου ζουν οι ιστορίες. Ανακάλυψε τώρα