အပိုင်း(6)

4.1K 376 20
                                    

တချို့သော နာကျင်မှုတွေက လူမသိသူမသိ ခံစားရခက်လိုက်တာ တိုင်းလေ အခုဘာဆက်လုပ်ရမယ် မသိတော့ပါဘူး။
ဖေဖေက အိမ်ထောင်ရေး ဖောက်ပြန်တယ်တဲ့လား။

စိတ်ထဲ မွန်းကျပ်နေတာတွေ ပျောက်ပါစေဆိုကာ စီးကရက်ကိုပဲ တရှိုက်မက်မက် ရှုရိုက်နေမိသည်။ တိုင်း သေသွားရင်လည်း ကောင်းသည်ဟု တွေးကာ ပါးပြင်ပေါ်မျက်ရည် တစ်စက်ဖြတ်သန်းသွားသည်။

"တိုင်း ..သမီး ..."

အပြင်က မေမေက တံခါးကို အသာလေး ခေါက်ကာ ပြောသည်။ ထိုအကြောင်းတွေကိုရော မေမေ မသိတာလား။ သိရက်နဲ့ မသိဟန်ဆောင်နေတာက သမီးစိတ်ဆင်းရဲမှာ ကြောက်လို့လား။

"တံခါး ဖွင့်ပေးစမ်း ..တိုင်း ထမင်းလာစားလေ
ဘာဖြစ်နေတာလဲ ကျောင်းလည်း မသွားဘူး
တစ်နေ့လုံး အခန်းအောင်းနေတော့မလို့လား.."

တိုင်း ပြန်မဖြေပဲ စီးကရက်လိပ်ကိုသာ တရှိုက်မက်မက် စုပ်ယူလိုက်သည်။ ရင်ထဲက စို့နစ်နေတဲ့ အရာတွေကို မီးခိုးအငွေ့နဲ့အတူ ပြန်ထုတ်လိုက်ချိန် ပျောက်သွားသလို ခံစားရတယ်။

"တိုင်း......"

"သမီး မစားချင်ဘူး မေမေ...."

အပြင်က အမေကြားတယ်ဆို ရုံလောက်လေးပဲ တိုင်းပြောပြီး
ရေခ်ျိုးရန် ပြင်လိုက်သည်။ဒီအချိန်ဆို မမသုကရော ဘာတွေ လုပ်နေမှာလဲဟင်၊ အဖေမရှိပဲ နေခဲ့ရတဲ့ မရဲ့ ဘဝ ကို တိုင်းအားကျနေပြီ မရယ်။ တိုင်း အတွက် အဖေဆိုတာ သက်မဲ့အရာကြီးလိုပဲ အေးစက်လွန်း လို့ပါ။

တစ်ကြိမ်ထက်မကသော ငိုကြွေးမှုတွေက ရေချိုးခန်းလေးကို အကျည်းတန်စွာ အလှဆင်နေပြန်ပါတယ်။

~~~~~~~~~

"ဒါက နေ့လည်က Foreginer တွေ့နဲ့တွေ့ရမယ့် စာရင်းပါ သူဋ္ဌေးလေး.."

အထက်တန်းကျကျနန Business suitကို အနောက်တိုင်းပုံ ကျကျနန ဝတ်ဆင်ထားကာ သန့်ပြန့်နေသော အနေအထားကြောင့် သူ့ကို လူရှိန်လိမ့်မည်။

"ဟုတ်ကဲ့ ..ကိုစည်သူ .."

မိမိရဲ့ ရုံးခန်းမှာပဲ တစ်နေ့ တနေ့ အချိန်ကုန်လာတာ ရှေ့ရေးအတွက်တောင် ဘုန်းရှိန်ဝါ မစဉ်းစားဖြစ်တော့ပါ။ လောလောဆယ်တော့ သုနှိုင်းယှဉ်ဆိုတဲ့ အလှပဂေးဆီက ကံကောင်းခြင်း လက်ဆောင် အဖြေကိုတော့ လိုချင်မိသည်။

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"Where stories live. Discover now