အပိုင်း(7)

4.1K 355 28
                                    

"မသုရေ ...မ ......."

ဒီနေ့ အလုပ်ပိတ်ရက်မို့ သု အိမ်မှာပဲ အခန်းအောင်းက ဝတ္ထုဖတ်နေမိတယ်။ အောက်ထပ်ကာ မ ဆိုတဲ့ ခေါ်သံကြောင့် သု အရမ်းလန့်သွားခဲ့သည်။

"မ ...ဘယ်မှာလဲ ...တိုင်းလာခဲ့ပြီနော်.."

မိမိအခန်းထဲမယ် သု နေ နေရပေမယ့် မလုံမခြုံဖြစ်လာသလို ခံစားရသည်။သုတော့ အတိုင်းတာကို အတော်လန့်နေမိပြီ။

"မသု ..."

အနောက်ကနေ လာဖက်သော တိုင်းကြောင့် သုမှာ ရှက်အမ်းအမ်း ဖြစ်သွားရပြန်တယ်။

"လမ်းထိပ်ကို ဝက်သား ဒုတ်ထိုးသွားစားရအောင်နော်.."

"လွှတ်စမ်း ...ပူကပူ ဖက်ထားသေးတာ.."

အနောက် ဖက်ထားတဲ့ တိုင်းရဲ့ လက်တွေကို သု ဖြုတ်ချလိုက်ကာ ဝတ္ထုစာအုပ်ကို ပြန်ကောက်ကိုင်လိုက်တော့ တိုင်းက သုရဲ့ လက်ကို လာကိုင်သည်။

"မ....ထပ်မဖတ်တော့နဲ့ ...သွားစားမယ်လို့ပြောနေတယ်လေ."

သု စိတ်ညစ်ညစ်နဲ့ တိုင်းကို တချက်ကြည့်ကာ ...

"ဟင့်အင်း မစားချင်ဘူး..."

တကယ်တော့ သုက စားချင်ပါတယ်၊ သို့ပေမယ့် တိုင်းနဲ့ အတူ မသွားချင်တာလည်း ပါမည်။ သူက မနေ့ညက မူးပြီး သု နှုတ်ခမ်းကို နမ်းတာ မမှတ်မိတော့ပေမယ့် သု့မယ်တော့
အခုထိတိုင် ထိုကိစ္စကို ပြန်တွေးတိုင်း စိတ်တိုနေမိတော့သည်။

"မ .....ကလည်း .. လုပ်ပါ ဒီတခါတည်း
နောက်တခါကျရင် မသွားတော့ဘူးလေနော်
လိုက်ခဲ့ပါ တိုင်းအဖော်မရှိလို့ပါ....."

ထိုစကား ကြားရတော့လည်း စိတ်မကောင်းဖြစ်မိပြန်တယ်။
ညကတည်းက သု ခမျှ သူ့ကို အရမ်းသနားမိနေတာ။

"သွားမယ် သွားမယ် ..."

"ဒါမှ မသုကွ..."

ညတုန်းက ငိုနေခဲ့သော အတိုင်းတာရဲ့ပြိုလဲသော ပုံစံမဟုတ်ပါ။ ကလေးတစ်ယောက်လို ဖြူစင်လွန်းစွာ ပြုံးပြီး ပျော်နေသော သူမ ကိုကြည့်ကာ သု ပါပြုံးလိုက်မိသည်။

"မေမေရေ ..လမ်းထိပ်ခဏ သွားအုံးမယ်.."

အတိုင်းတာက သုရဲ့ လက်ကို ဆုပ်ကိုင်ကာ နှစ်ယောက်သား လမ်းထိပ်ကို လမ်းလျောက်ရင်း ထွက်ခဲ့ကြသည်။

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"Where stories live. Discover now