ကောင်းကင်ပြာ၏ တောက်ပခဲ့သောအတိတ်ရဲ့နေ့ရက်များ
************************************
သု စိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ထိန်းကာ အန်တီမေ ဆီဖုန်းခေါ်လိုက်သည်။
"အန်တီမေ စိတ်အေးအေးထားပါနော် တိုင်း ဘာမှ မဖြစ်စေရဘူးလို့ သမီး ကတိပေးပါတယ်.."
"အွန်းပါ သမီးရယ် ....တိုင်းလေး တစ်ခုခုဖြစ်ရင် အန်တီရင်ကျိုးရမှာ..."
"လောလောဆယ် ရဲစခန်းမှာ လူပျောက်တိုင်ထားပေးပါအုံး အန်တီ
ပြီးတော့ သူ့သူငယ်ချင်းဆိုတဲ့ ကလေးမဆီ တချက်စူံစမ်းပေးပါလို့ပြောပေးပါနော်.."ဖုန်းကို အမြန်ချလိုက်ကာ ကားကိုပဲ အာရုံစိုက်မောင်းနေမိတော့သည်။
"ကလေးရယ် အဆင်ရောပြေပါ့မလား...."
သု စိတ်အရမ်းပူနေသောကြောင့်ဖြစ်လိမ့်မည်၊ ရင်ဘက်ထဲမှာ တင်းကြပ်ပြီး ဆို့နစ်စွာ ခံစားနေပြန်တယ်။
"ဘယ်တွေ ရောက်နေမလဲ..."
ကားကို လမ်းဘေး ထိုးရပ်လိုက်ကာ သု ငိုနေမိတော့သည်၊ လက်ဖျားတွေက လည်း အေးစက်ကာ တုန်ရီနေပြီ၊ ဘာဆက်လုပ်ရမယ် မသိအောင် တုန်လှုပ်နေမိတယ်။ လက်ထဲက ဖုန်းကိုသာ တင်းကြပ်နေအောင် ဆုပ်ကိုင်လိုက်ပြီး အကြိမ်ပေါင်းမရေတွက်နိုင်သော call များကို ခေါ်နေမိတော့သည်။
__________
"ဟွန်း...."
ခေါင်းထဲကလည်း နှောက်ကျိကာ အန်ချင်သလို ဖြစ်နေသော်လည်း ထပင်မထနိုင်လောက်အောင် တိုင်း မူးဝေနေမိသည်။ မျက်လုံးကို အူးယာပြီး ဖွင့်ကြည့်လိုက်တော့ မီးရောင်မှိန်မှိန်အခန်းထဲ ရောက်နေသည်ကို သတိပြုမိလိုက်သည်။ ပြီးတော့ တခြားတဖက်ကို လှည့်ကာ စီးကရက်သောက်နေသော လူတစ်ယောက်။ ထိုလူမှာ အနက်ရောင်ဂျာကင်ကို ဝတ်ထားေ သူဆိုလျှင် တိုင်း clubမှာ စကားများခဲ့တဲ့သူ။
အသာအယာပဲ အားယူကာ ထ ထိုင်လိုက်တော့ ထိုလူက တိုင်း ဆီ ရောက်လာခဲ့ပါတယ်။
"နိုးလာပြီလား ဘေဘီလေး.."
"ရှင် ရှင်ဘယ်သူလဲ....ကျွန်မကို ဘာလို့ ဒီကို ခေါ်လာတာလဲ
ပြန်ပို့ပေးပါ ကျွန်မအိမ်ကို ..."