အပိုင်း(5)

4.2K 359 26
                                    

"ငါလေ ..အခုတလော ဘာဖြစ်နေမှန်းကို မသိတော့ဘူးဟာ စိတ်တွေ အရမ်းလေတယ် ...ကုန်ကုန်ပြောရရင် စိတ်နဲ့လူ မကပ်တော့တာ..."

"အေး ...ဒီကိုဂျင်သောက်လိုက်.."

"အော် ...မသာမရယ် အကောင်းပြောနေတာ.."

တိုင်း အခုတလော မသုနဲ့ ဟိုဘဲကြီးကို တွဲတွဲမြင်နေရတာ အောင့်သက်သက်ကြီးပင်။ မ ဟာ တိုင်းအပေါ်အရင်လောက် မနွေးထွေးတော့ သလို အရမ်းလည်း သူစိမ်းဆန်သည်။
တိုင်းတို့ အိမ်ကို သိပ်မလာတော့သလို  တိုင်းလည်း မ ရဲ့ အိမ်ကို မရောက်ဖြစ်ခဲ့တာကြာပြီ။

"ဘာဖြစ်နေတာလဲ ...မိတိုင်းခြုံ.."

ကျောင်းကန်တင်းမှာ တိုင်းနဲ့ သူဇာ ထိုင်နေတော့ ဇော်မင်းနဲ့ စိုင်းမင်းခန့်ရောက်လာတော့သည်။

"ဘာကိုလဲ မိတိုင်းခြုံက .. ငဇော်နော် ပါးကိုချမှာ ပြင်ခေါ်စမ်း.."

"အေးပါ ..တိုင်းတိုင်းရယ် .. ဘာဖြစ်နေတာလဲ ...အပူသည်ရုပ်နဲ့ ..."

သက်ပြင်း တစ်ချက်ချကာ စားပွဲပေါ်က ရေနွေးတစ်ခွက်ကို သောက်လိုက်ကာ...

"ငါ ...lesbian ချင်နေပြီလား မသိဘူးဟာ.."

ဘေးက ရေနွေးသောက်နေသော သူဇာမှာ သီးကုန်တော့သည်။

"ဖလူး ......အဟွတ် အဟွတ် ...အတိုင်းတာ..နင်.."

"မဆန်းပါဘူးဟာ ..ဒါတွေက.."

စိုင်းမင်းခန့်က အကြော်တခု ကောက်စားကာပြောသည်။

"ပြောရရင်တော့ ..ဘူးသီးကြော်လိုပေါ့ဟာ
ပြောတော့တာ ဘူးသီးကြော်တဲ့ အထဲက ကျောက်ဖရုံသီးနဲ့ ကြော်ချင်လည်း ကြော်ထားတာ ဟ . အဲ့လိုပဲ တိုင်းဟာလည်း
အပြင်က မခြောက်ပေမယ့် အတွင်းစိတ်က ဘယ်ကတည်းက ခြောက်နေမှန်းမှ မသိတာ.."

တိုင်းလည်း ထိုဘူးသီးကြော်ကို ဖြဲကြည့်လိုက်တော့
ဘူးသီး ဖတ်မဟုတ်ပဲ ကျောက်ဖရုံသီးဖတ်တွေ့ရသည်။

"မသိဘူးဟာ ... ငါတကယ်.. မသုနှိုင်းသျှင်"

"ဟဲ့ နင် ..မမသုကို ကြိုက်နေမိပြီလို့တော့ မပြောနဲ့နော်..
သူက ဖြောင့်တာမှ ဓာတ်တိုင်အရှုံးပေးရလိမ့်မယ်.."

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"Where stories live. Discover now