ep (1)

6K 378 16
                                    

  

     ပြတင်းမှန်မှ တစ်ဆင့် ကိုးရီးယားမြေရဲ့ အပေါ်စီးမြင်ကွင်းကိုကြည့်ရင်း Lisa ပြုံးမိရဲ့ ။ ပုံမှန်ဆိုလျှင် ပြုံးခဲလှသော သူမ ။ ကိုရီးယားမြေရဲ့ မြင်ကွင်းဟာ ဤမျှ မြတ်နိုးဖွယ်ကောင်းလွန်း၍လား ။ ဟုတ်မည် … သူမချစ်ရသော သူမ  သည်ကား ဤမြေ၌ ရှင်သန်နေသည်မဟုတ်ပါလား ။ သုံးနှစ် …သုံးနှစ်ဟူသော အချိန်ကာလ၌ သူမ သေမလောက်ပင် လွမ်းလျနေရသူအား ပြန်တွေ့ရတော့မည့် ခံစားချက် … ။ ပျော်ရွှင်မှုသည်က အတိုင်းမသိပင် ။

      " နောက်ထပ် ၁၅ မိနစ်ဆို ကိုရီးယားကို ဆိုက်ရောက်ပါမယ် သခင်မလေး "

      အနားမှာ ရှိသော ဦးလေးကင် က တိုးတိုးကပ်ဆိုလာ၏ ။ သူမ စိတ်လောနေသည်ကို ဦးလေကင် သိ၍ ဖြစ်မည် ။ ငယ်ငယ်ကတည်းက စောင့်ရှောက်လာသူဟုမပြောရ ဦးလေးကင်သည် သူမမျက်နှာတွင် ဘယ်လောက်ပင် ဖုံးကွယ်ထားပါစေ သူမစိတ်ကို အမြဲလို ဖတ်တက်သည် ။

        
           " omm "

       စိတ်ထဲမှာ အတိုင်းမသိပျော်ရွှင်နေပေမယ့် နှုတ်ဖျားက ထွက်လာသည်ကတော့ တစ်ခွန်းတည်းပင် ။ ကိုယ်ဆိုတာက စကားပြောရတာကို နှစ်သတ်သူမှ မဟုတ်ပဲ ။ မမပြောတဲ့ စကားတွေနားထောင်ရတာကိုပဲ နှစ်သတ်ခဲ့သူမဟုတ်လား …။

              
          

              ****************

    
       လေယာဉ်ကွင်းအတွင်း နာရီကိုကြည့်လိုက်  ဟိုလျှောက် သည်လျှောက်လုပ်လိုက်ဖြင့် သူမတစ်ယောက်သာ ကနာမငြိမ်တွေဖြစ်လို့ ။ ဟုတ်ပါသည် သူမ ဒီကိုရောက်နေတာ လွန်ခဲ့သော နာရီဝက်ကတည်းက ။ လေယာဉ်ချိန်အတိအကျ သိပြီးဖြစ်သော်လည်း ဤမျှလောက်အစောကြီးကြို၍ အဘယ့်ကြောင့်များ သူမထွက်မိခဲ့သလဲ စဉ်းစားမရ ။ သုံးနှစ်တောင် ကွဲကွာနေသူကို တွေ့ရမှာမို့ သူမ စိတ်ခုန်နေခြင်းလား ။

        " ကိုးရီးယားမြေကို နင်းလိုက်တာနဲ့ အရင်ဆုံး မမမျက်နှာကို မြင်ချင်တယ်နော် "

  
      သူမလေးရဲ့ စကားသံလေး ။ ပြန်ကြားရောင်ရင်း ပြုံးမိရဲ့ ။ Park Chaeyoung ဆိုသည်မှာလည်း Lalisa ဆိုသည့် သူမစကားဆိုလျှင် အလိုအလျောက် အမိန့်မဟုတ်ပါပဲ နာခံနေမိပြီးသား ။

 နွယ်ရှင်လို ... သူ Where stories live. Discover now