Final

6.2K 441 64
                                    






   အနည်းငယ်တိုးဝှေ့နေတဲ့ ညနက်ရဲ့လေထုမှာ မြတ်ရိုင်းပင်တွေဟာ ဦးတည်ရာတစ်ခုကို ယိမ်းနွဲ့လို့ ။ နေရာတိုင်းမှာ လူရှင်းနေတယ်ဆိုပေမယ့် ခပ်လှမ်းလှမ်းက မီးပန်းပေါက်ကွဲမှုကိုတော့ အတိုင်းသားမြင်နေရတယ် ။ လူတစ်စုရဲ့ အော်ဟစ်ရယ်မောသံတွေနဲ့အတူ ဟန်မြစ်ကမ်းဟာ အမြဲလှနေတာပဲ ထင်ပါရဲ့ ။




      " မ မ "





   သဘာဝရဲ့ အလှတရားတိုင်းကို ပိုမိုလှပစေတဲ့ ညို့နိုင်စွမ်းသော အသံပိုင်ရှင်ဟာ အနောက်အရပ်က ထွက်ပေါ်လာတယ် ။ သူ့ကိုလှည့်ကြည့်လိုက်တဲ့အခါ ကိုယ်ကျောခိုင်းရာအရပ်မှာ မီးရှုးမီးပန်းတွေဟာ ဖွားခနဲ့ ၊ လင်းခနဲ့ ။ ကိုယ့်နှုတ်ခမ်းသားတွေ ကွေးညွတ်နေမိလားမသိပေမယ့် အဲ့ဒီကလေးရဲ့ အပြုံးတွေကတော့ တကယ်ကို တောက်ပတယ် ။ အေးမြလှတဲ့ ညအလယ်မှာတောင် ပင့်သက်ရှ်ိုက်နေတဲ့ အသက်ရှုသံနဲ့အတူ မျက်နှာလှလှမှာ ကပ်ငြိနေတဲ့ ချွေးစတစ်ချို့ဟာ ဘာများဖြစ်တာပါလိမ့် ။






     " ဘာလို့ အဲ့လောက်တောင် ချွေးတွေထွက်နေရတာလဲ "

   


    အနားကိုတိုးကပ်သွားရင်းပဲ သူ့မျက်နှာက ချွေးစတစ်ချို့ကို လက်ကိုင်ပုဝါနဲ့ ဖွဖွသုတ်ပေးတော့ အဲ့ဒီကလေးဟာ အပြုံးမပျက်ပဲ သူလက်ခုံတွေနဲ့ ကျန်ရှိနေသေးတဲ့ မျက်နှာအစိတ်အပိုင်းအချို့ပေါ် ပွတ်သပ်ပစ်တယ် ။





    " ဘာမှမဖြစ်ပါဘူး ပြေးလာလို့ပါ  ဒီအချိန်ဆိုတော့ bus တွေလည်း မရှိတော့ဘူးလေ "






    သူ့မျက်နှာအနီးတစ်ဝိုက်က လက်ကိုင်ပုဝါကိုင်ထားဆဲကိုယ့်လက်တွေဟာ သူ့စကားသံအဆုံးမှာ ရပ်တန့်သွားရတယ် ။ ကိုယ်ဟာ ဘယ်လိုတောင် တစ်ကိုယ်ကောင်းဆန်မိပါလိမ့် ။ သူဟာအရင်က ငယ်မှမဟုတ်တော့ပဲ ။ အရာအားလုံးကို စွန့်လွှတ်ပြီး ကိုယ်တစ်ယောက်ထဲကို မျက်နှာမူပေးခဲ့တဲ့ ငယ် ။ အဲ့ဒီလိုကလေးငယ်ကိုမှ တွေ့ချင်မိတဲ့ အကြောင်းအရင်းတစ်ခုတည်းနဲ့ ဒုက္ခပေးမိရတယ်လို့ ။

   

     " ဟုတ်သားပဲ  .  . မနက်ကျမှ တွေ့သင့်တာကို "





 နွယ်ရှင်လို ... သူ Where stories live. Discover now