ep (5)

3.2K 343 8
                                    

       



         မှန်တင်ခုံရှေ့မှာ စိတ်ပျတ်သလိုသာ ထိုင်ရင်း  မိတ်ကပ်အချို့အား စိတ်မပါစွာ မျက်နှာ၌လိမ်းခြယ်မိရဲ့ ။ တကယ်ဆိုလျှင် ညဘတ်၌ အပြင်ထွက်ခြင်းမျိုးကို Chae လုံးဝ ဝါသနာမပါ ။

           

           

   
            " ဟူး … စိတ်ညစ်တာပဲ "

      

        Chae ဆိုတာက စာရေးဆရာမ ပီပီ တိတ်တိတ်ဆိတ်ဆိတ် အခန်းလေးထဲမှာ ကော်ပီခါးခါးလေးတစ်ခွက်နဲ့ လက်တောပ့်ထက်မှာ လက်ချောင်းလေးများ ပြေးလွှားနေချင်သူ ။ သို့သော် Jennie Kim ဆိုသည့် သူမကမူ နေ့ဘတ်ဆိုလျှင် Irene ၊ Joy ၊ Chanyeol ၊ Suho တို့နှင့်အတူ အဖွဲ့လိုက် စုဖွင့်ထားသည့် ကော်ဖီဆိုင်တွင် အချိန်ဖြုန်းနေကြ ။ ကော်ဖီဆိုင်သည် အများသူငါ ဆိုင်များထက် ဈေးအဆမတန်မြင့်သော်ငြား ဖွင့်ထားသည့် ပိုင်ရှင်များကြောင့် ထင်၏ ။ ဝင်လူထွက်လူ စဲသည်မရှိ  ဈေးပွဲတော်အလား စည်ကားလှ၏ ။ ညဘက်ဆိုလျှင်လဲ ထိုအဖွဲ့နှင့်ပင် Club တက်နေကြ ။ ယနေ့မှ ဘာစိတ်ကူးပေါက်သည်မသိ Chae ကိုပါ အတင်းလိုက်ခဲ့ရန် ဂျစ်တိုက်နေလေသည် ။ အစက လုံးဝမလိုက်ဘူး ငြင်းထားသော်ငြား ယနေ့ညClubကို Irene နှင့် Joy မလာနိုင်ကြောင်း ယောက်ျားလေးနှစ်ယောက်ကြားတွင် သူတစ်ယောက်တည်း ယောင်တောင်တောင် ဖြစ်ရမည့်အကြောင်းများအား အသနားခံ မျက်လုံးလေးများနှင့် မရပ်မနား ရှင်းပြနေမှုကြောင့် Chae မငြင်းရက်နိုင်ခဲ့ ။

           

            " မပြီးသေးဘူးလား ဟာ "

     

         ပြင်ဆင်တာ ကြာနေသည့် Chaeအား စိတ်မရှည်သလို မေးလာသူ ။ ခနက လေသံလေးက သူမပြောခဲ့တာမှ ဟုတ်ပါလေလား …
             

      
                 " ပြီးပြီ … ပြီးပြီ "

              ***************
    

       ကားမောင်းနေရင်းနှင့် တစ်နေရာ အရောက်မှာ မမ က ကားရပ်လိုက်တာကြောင့် Chaeမျက်လုံးလေး ဝှေ့ကြည့်မိတော့ နေဝင်စမို့ မှောင်ရိပ်သန်းနေသည့် လမ်းတစ်လျှောက် ပတ်ဝန်းကျင်လေးဟာ တိတ်ဆိတ်လို့ … …
       
        

 နွယ်ရှင်လို ... သူ Where stories live. Discover now