" ဒီနေ့ကစပြီး ဒီမှာနေမှာ "
" အဟွတ် ! ! အဟွတ် ! "
ရုတ်တစ်ရက်ဆိုလာသော Lisa စကားကြောင့် သောက်လက်စရေပင် သီးသွားရသူက jisoo ပင် ။ သူမဘက်ကကြည့်လျှင်လည်း ဟုတ်သည်လေ ။ မိမိအိမ်ဘက်ကို ယောင်လို့တောင်ခြေဦးမလှည့်ဘူး သူက ရုတ်တစ်ရက်ရောက်လာပြီး အိမ်မှာနေပါမယ် ဆိုတော့ကား ။ ပြီတော့ အခြားသူလည်းမဟုတ် သူမကို အမြဲကလန်ကဆန်လုပ်တက်သည့် Lisa က ။
Lisa ဘက်က တွေးမည်ဆိုလျှင်လည်း တစ်မျိုး ဟုတ်နေပြန်ပါသည် ။ ဘယ်လိုပင်စံအိမ်တော်မဟုတ်သော်ငြား အဘိုး၏ပိုင်ဆိုင်မှုငွေကြေးဖြင့် ဝယ်ယူထားသော သူမ၏လက်ရှိနေအိမ်ကိုတော့ သူမလုံးဝပြန်မသွားချင် ။ တစ်ဘဝလုံးစာအတွက်မဟုတ်ပေမယ့် အချိန်အတော်အကြာအထိတော့ သူမအဘိုးနှင့် အဆက်အသွယ်ဖြတ်ကာ နေချင်သေး၏ ။
" ဒီတိုင်း အကြာကြီးမနေပါဘူး မမကပြန်ခေါ်ရင် မမအိမ်ပဲ နေမှာ "
" သြော် . . . နင့်မမက ပြန်ခေါ်ဖို့ စိတ်ကူးတောင်ရှိရဲ့လား "
" အဲ့ဒါက Kim jisoo shi စိတ်ပူရမယ့် အပိုင်း မဟုတ်ပါဘူး "
လက်ကိုခါးယမ်းပြလို့ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေတဲ့ သူက အပြင်ပန်းမှာတည်ငြိမ်နေသလို ဟန်ဆောင်ထားပေမယ့် ဆွေးမြေ့တဲ့မျက်ဝန်းတွေကတော့ အသက်မဝင်လှ ။" ထားပါ . . ခနက ဖေဖေဖုန်းဆက်လာတယ် အဘိုးက မူးလဲသွားလို့တဲ့ ဘယ်လိုဖြစ်ရတာလဲ "
" စိုးရိမ်ရလား ! ! "
မူးလဲသွားပါတယ်ဆိုတဲ့ စကားကြောင့် ထိတ်ခနဲ့ ကျောမက်သွားရတဲ့ သူမ ။ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ငယ်ရွယ်စဉ်ကတည်းက တစ်ခုတည်းသော အားကိုးရာ ဖြစ်ခဲ့တဲ့အဘိုးကိုတော့ သူမ မထိခိုက်စေချင် ။
" မိသားစုဆရာဝန်နဲ့ ခေါ်ပြထားလို့ အခုတော့ သက်သာနေပါပြီ "
" တော်သေးတာပေါ့ "
" အခုလို အခြေအနေဖြစ်သွားတာတောင် သွားမတွေ့တော့ဘူးလား "
YOU ARE READING
နွယ်ရှင်လို ... သူ
Fanfictionရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို ကရုစိုက်နေမိတာမျိုးပေါ့ ရုန်းထွက်ချင်ခဲ့တယ် ဒါပေမယ့် မရုန်းထွက်နိုင်ခဲ့ဘူး ချစ်ခြင်းပါလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး ဒီတိုင်း အရမ်းကို က...