ep (10)

3K 304 23
                                    



 

   မနက်လင်းလို့ ကိုယ်နိုးထလာတော့ ကိုယ်ဟာ ငယ့်ကုတင်ပေါ်မှာ နေရာယူလို့ ။ မနေ့ညက သူ ကိုယ့်လည်တိုင်တွေမှာ မျက်နှာအပ်ရင်း အိပ်ပျော်သွားတာကြောင့် ကိုယ်လည်း ကျောက်ရုပ်လေးလို ထိုင်ပြီး ခုံပေါ်မှာပဲ အိပ်ပျော်သွားခြင်း ။

   အခုလို အရမ်းကို သက်တောင့်သက်သာနိုင်စွာ နိုးထလာပုံထောက်ရင်တော့ မနေ့ကတည်းက သူတစ်ရေးအနိုးမှာ ရွှေ့သိပ်ထားခြင်း ဖြစ်နိုင်သည် ။ နာရီကို ကြည့်မိတော့ ၆ နာရီ ။ စောစောထတက်တဲ့ သူ့ကိုတော့ဖြင့် အခန်းအတွင်းတွင် မတွေ့ရတော့ပေ ။

   မနေ့ညက အကြောင်းကို ပြန်တွေးမိတော့ နှုတ်ခမ်းတွေကို ယောင်ယမ်းကာ လက်ဖျားဖြင့်ပွတ်သတ်နေမိသေးသည် ။ နွေးထွေးပြီးတော့… ပြင်းရှနေတာမျိုး ။

    " အား … ! Park Chaeyoung ရူးနေလား … ရူးနေလား … ဘာတွေ တွေးနေတာလဲ "

    ကိုယ့်ခေါင်းကိုယ်သာ အခါခါထုရိုက်ရင်း ရေချိုးခန်းအတွင်း ပြေးဝင်မိရဲ့ ။ တစ်ကိုယ်လုံး ပူထူနေတာကြောင့် ဖြစ်နိုင်ရင် မြစ်ထဲပဲဖြစ်ဖြစ် ၊ ပင်လယ်ထဲ ဖြစ်ဖြစ်သာ ခုန်ဆင်းပစ်ချင်တော့တယ် ။

    ဘာဖြစ်လို့ ငြိမ်နေမိတာလဲ ။ တကယ်ဆို ကိုယ်ကအကြီးလေ ။ အငယ်က မူးနေလို့ စိတ်လွတ်ရင်တောင် ကိုယ်ကတော့ ထိန်းနိုင်ခဲ့သင့်တာပေါ့ ။ ဘယ်လိုမျက်နှာနဲ့ အောက်ထပ်ကိုဆင်းပြီး အိမ်ပြန်ရမှာလဲ ။ ပျောက်ကွယ်သွားလိုက်ပါတော့ Park Chaeyoung ရယ် ။

 
  
           **************



    " နိုးပြီလား မမ … မနက်စာစားပြီးမှ ပြန်လေ "

   မီးဖိုခန်းအရှေ့က လှစ်ခနဲ့ ဖြတ်သွားတဲ့ မမကို တွေ့လိုက်တာကြောင့် ကိုယ်လှန်းပြောတော့ မမဟာ ခြေလှမ်းတွေရပ်တန့်သွားပေမယ့် လှည့်ကြည့်မလာဘူး ။ မနေ့ညက ကိစ္စအတွက်များ ကိုယ့်ကို စိတ်ဆိုးနေလေသလား ။

   
    
      " မ … မ … မစားတော့ဘူး  … မေမေ … မေမေလေးက ဖုန်းဆက်ခေါ်နေလို့ "

    သိသိသာသာကို ထစ်ငေါ့နေတဲ့ မမစကားတွေအရ စိတ်ဆိုးနေခြင်းမဟုတ်ပဲ ကိုယ်နဲ့ မျက်နှာချင်းဆိုင်ရမှာကို ရှက်နေခြင်းလေလား ။ ဖြည်းဖြည်းခြင်းလျှောက်လှမ်းရင်း မမအရှေ့ကို သွားရပ်တော့ မော့ကြည့်မလာပဲ အသေအချာကို ငုံ့ကျနေတဲ့ ရွှေဝါရောင် ခေါင်းလေး ။

 နွယ်ရှင်လို ... သူ Where stories live. Discover now