ep (24)

3.2K 327 33
                                    






    နာရီကို တစ်ချက်ကြည့်မိတော့ ညနေ ၄ နာရီပင်ရှိသေးတာကြောင့် ဒီနေ့တော့ အလုပ်စောစောဆင်းဖို့ ဖြစ်လာပြီထင်ပါရဲ့ ။ ရှုပ်ထွေးလွန်းနေတဲ့ ရက်ပိုင်းအတွင်းက ကုမ္မဏီကိစ္စအချို့အချို့ကြောင့် နောက်ကျမှ အိမ်ပြန်ရတဲ့ ရက်တွေက အတော်ပင်များလေပြီ ။ တစ်ခုပြီး တစ်ခုဖြစ်ပျက်နေတဲ့ လုပ်ငန်းကိစ္စအလွဲအချော်တွေရယ် ၊ အရာအားလုံးအဆင်ပြေနေပြီးမှ ရုတ်တစ်ရက် စာချုပ်ဆက်မချုပ်ကြတော့တဲ့ လုပ်ငန်းရှင်တွေရယ်ကြောင့် ကိုယ့်ရဲ့ စီမံမှုကို သဘောမကျချင်တော့တဲ့ ရှယ်ယာရှင်ကလည်း ဖြုတ်ချချင်နေကြပြီ ။



    အရာအားလုံးကို နောက်ကွယ်က ကြိုးကိုင်နေသူဟာ Kris မှန်းသိသော်လည်း သက်သေက မရှိသည့်အပြင် ဘာရည်ရွယ်ကြောင့်ရယ်လို့ ကိုယ်တိုင်ပင် မခန့်မှန်းတက် ။ လက်မှတ်ထိုးစရာ ကျန်နေသေးသော ဖိုင်စာရွက်များဆီမှ မျက်နှာလွှဲရင်း ဘေးနားက ပန်းစည်းလေးကို တစ်ချက်ကြည့်မိတော့ စိတ်ညစ်စရာတွေပျောက်ကွယ်သွားလောက်အောင် ကိုယ့်နှုတ်ခမ်းတွေကို ကွေးညွှတ်သွားစေတယ် ။ မမ သဘောကျလောက်မယ့် ၊ လှလှပပချည်နှောင်ထားတဲ့ ၊ တောင်းပန်ခြင်းရဲ့ အဓိပ္ပာယ် . . ။ နှင်းဆီ ၁၅ ပွင့် ။


     ဒီနေ့မှ သိလိုက်ရတာက Lee Minho ဟာ အဲ့ဒီနေ့ကပဲ နိုင်ငံခြားကို အပြီးထွက်သွားတာပါတဲ့ ။ နောက်ထပ် ပတ်သတ်စရာ မရှိတဲ့ လူတစ်ယောက်အတွက်နဲ့  ကိုယ် နဲ့ မမ ဟာ ဒီလောက်ထိအနေဝေးနေတာမျိုး ဖြစ်သင့်ပါ့မလား ။ ပြီတော့ ဒီရက်တွေအတွင်းမှာပဲ အရမ်းကို လွမ်းနေခဲ့တာမို့  မြတ်နိုးရတဲ့ ကိုယ်သင်းရနံ့တွေကို ထွေးပွေ့ဖို့  ဒီထက်ပို လျစ်လျူမရှု့နိုင်တော့ဘူး ။

    နောက်ဆုံးလက်ကျန် စားရွက်ဖြူဖြူပေါ်ကို  အမှတ်အသားတံဆိတ်ရေးထိုးပြီးကာမှာတော့ စိတ်အစုံဟာလည်း လွတ်လပ်ပေါ့ပါးသွားရတယ် ။ လက်တစ်ဖက်က အပေါ်ကုတ်ကို ဆွဲကိုင်လို့ ကျန်လက်တစ်ဖက်နဲ့ ပန်းစည်းငယ်ကို ယူဆောင်ကာ နမ်းရှိုက်မိတယ် ။ မမပြောဖူးတယ် သူအကြိုက်ဆုံးပန်းက နှင်းဆီတွေတဲ့ ။



    ခပ်စောစောလေးပဲ အလုပ်ဆင်းဖို့ပြင်ဆင်လိုက်ရင်း  တန်ခါးဝနားအရောက်မှာတော့ ရုတ်တစ်ရက် ဝေဝါးသွားတဲ့ အမြင်အာရုံနဲ့အတူ ဦးခေါင်းဟာ မိုက်ခနဲ့ ။ အလုပ်တွေ အလွန်အကျွန်လုပ်မိခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလေလား ။ တံခါးလက်ကိုင်ဘုကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်တာတောင် ကိုယ့်ကမ္ဘာတစ်ခုလုံးဟာ ဇောက်ထိုးမိုးမျှော်ဖြစ်နေတုန်း ။ နောက်ဆုံးအနေနဲ့ သိလိုက်တာက အားအင်တွေလျော့ရဲလာတဲ့ ခန္ဓာနဲအတူ မမအတွက် ရည်ရွယ်ရာလေးဟာ ကြမ်းပြင်ထက်မှာ မလိုက်မဖက် . . . ။



 နွယ်ရှင်လို ... သူ Where stories live. Discover now