1

20.4K 1.1K 60
                                    


ဖွေး​ဖွေးလှုပ်​​နေတဲ့ကန်​​ရေပြင်​ကြီး။
ခပ်​​အေး​အေးတိုက်​ခတ်​​နေတဲ့​လေ​ပြေ​လေးက စိတ်​ကိုလန်း​ဆန်း​စေတာပဲ။
ည​နေ ၆ နာရီက သိပ်​ပြီးမိုးချုပ်​လှတယ်​လဲမဟုတ်​ပါဘဲ
ကန်​​ဘောင်​မှာ​တော့ လူသွားလူလာရှင်း​နေတယ်​။
စကိတ်​စီးရင်း ​လေညှင်းခံလာတဲ့ ရိ​ပေါ်က
နေဝင်​သွားတာကို တ​မေ့တ​မော​ငေးဖို့အတွက်
ဒီထိုင်​ခုံ​လေးမှာလာထိုင်​​နေတယ်​။
ည​နေဆည်းဆာနဲ့အတူ ​နေလုံးကြီးတိမ်​​တွေထဲမြုပ်​သွားတဲ့မြင်​ကွင်းကိုကြည့်​ရတာကို သူနှစ်​သက်​တယ်​။

little do you know သီးချင်းကိုဖွင့်​လို​ နားကြပ်​ကိုတပ်​ထားပြီ ​​နေလုံးကြီးဝင်​ရာ​နောက်​တ​မေ့တ​မော​ငေးကြည့်​​နေရာမှာအိပ်​ငိုက်​လာတဲ့ ရိ​ပေါ်က ပတ်​ဝန်းကျင်​ကို သတိပြုဖို့​မေ့​နေခဲ့တယ်​။

တစ်​စထက်​တစ်​စ အ​မှောင်​ရိပ်​က ကြီးစိုးလာတယ်​။
နိုးတစ်​ဝက်​နဲ့ အိပ်​​ပျော်​​နေတဲ့ရိ​ပေါ်က ငိုသံသဲ့သဲ့ကို ခပ်​တိုးတိုး​လေး ကြားလိုက်​ရတယ်​။
ကြယ်​သီး​မွေး​တွေထလို့ ဆံပင်​​တွေပါ​ထောင်​ကုန်​တဲ့ရိ​ပေါ်က
တိတ်​တိတ်​က​လေး ဆဲ​ရေးလိုက်​တယ်​။

"ချီးပဲ! ဒီအချိန်​ကြီးသရဲ​ခြောက်​​နေတာလား"

ဘေးဘီဝဲယာကိုကြည့်​လိုက်​​ပြီး ကန်​​ဘောင်​မှာရှိတဲ့လူ​တွေကို​လိုက်​​ရေကြည့်​​တော့ သူနဲ့မှ သူတစ်​​ယောက်​တည်း။
ဒါဆို ဒါ..ဒါ..က သရဲ...သရဲများလား။

သတ္တိခဲရိ​ပေါ်က သက်​စွန့်​စံဖျားလုပ်​ရတဲ့ဆိုင်​ကယ်​ပြိုင်​တာ၊စကိတ်​ပြိုင်​ရတာမျိုး​တွေကို မထိတ်​လန့်​​ပေမယ့်​ သရဲကို​တော့မထင်​မှတ်​ထားတာထက်​​တောင်​ပိုပြီး​တော့ ​ကြောက်​တယ်​ပါ​သေးတယ်​။

ငိုသံကတ​ဖြေး​ဖြေးနဲ့ကျယ်​​လောင်​လာတယ်​။
ခိုကိုးရာမဲ့​နေတဲ့ ရိ​ပေါ်က နှဖူးမှာ ​ချွေးစီး​လေး​တွေပျံလာတယ်​။

ငိုသံသဲ့သဲ့က​နေ ကျယ်​ကျယ်​​လောင်​​လောင်​ဖြင့်
တအီးအီးရိုက်​ငို​နေတဲ့အသံလာတဲ့ဆီက
သူ့​ဘေးနားက ကုက္ကိုပင်​နားက!!

CURSE(BF)Where stories live. Discover now