7

5.6K 779 34
                                    

"CURSE"

"ငါ့ကို ဘာလို့ အရွတ်​တုံးလို့​ခေါ်တာလဲ"

မို့အစ်​​နေတဲ့မျက်​ခွံ​တွေကို အ​ရောင်​ကျသွား​အောင်​ ​ရေခဲထဲစိမ်​ထား​သောစတီးဇွန်းနဲ့  ကပ်​​ပေး​နေတုန်းရှိ​သေး ဗြုန်းဆို မျက်​လုံးကြီးပွင့်​လာကာ အတင်း​ရောကာ​ရော ​မေး​နေတဲ့ ဒီက​လေးလူကြီးကို ရိ​ပေါ် ဘယ်​လို ​​ရှင်းပြရမလဲမသိ​တော့။
ရှူးရှူးဒိုင်းဒိုင်း​အော်​ဟစ်​ပြီးမှ ခုလို​​လူမသိသူမသိ​ချော့​နေတာကို လူမိသွား​တော့​လေ နည်းနည်း​တော့ ရှက်​တာ​ပေါ့​လေ​နော်​။

ဆံပင်​ကိုခါလိုက်​​ခေါင်းကြီးလွှဲလိုက်​လုပ်​​နေတဲ့ရိ​ပေါ်ကို ​ရှောင်းကျန့်​ကသိပ်​ပြီးအခဲ​ကျေလှတယ်​မဟုတ်​​လေ​တော့

"ငါ့ကိုဘာလို့အရွတ်​တုံးလို့​ခေါ်တာလဲ၊ပြီး​တော့ငါ့အိမ်​ထဲဘယ်​လိုဝင်​လာတာလဲ၊မင်းပဲငါ့ကိုလူကြားထဲ​အော်​ထားတာ​လေခု​ရောစိတ်​ဆိုး​ပြေပြီလား"

တတွတ်​တွတ်​​မေး​နေတဲ့​မေးခွန်းများစွာ​ကြောင့်​ ​ရှောင်းကျန့်​ကထင်​သ​လောက်​ကြီး ဝမ်းမနည်း​နေ​တော့ဘူးဆိုတာကို ရိ​ပေါ်ကသိလိုက်​ပြီ။

"ငါမင်းအိမ်​passwardသိတယ်​​လေ။ ငါ့ကိုအစ်​ကိုကျန်းချန်​တို့က မင်း​ပျောက်​​နေတယ်​လို့​ပြောပြီးရှာခိုင်းလို့ အဲ့ဒါ ငါ့​ပ​ရောဂ​ကြောင့်​နဲ့မင်းတစ်​ခုခုဖြစ်​မှာဆိုးလို့ လာရှာရင်းဒီအိမ်​ကို​ရောက်​လာတာ"

"​သြော်​...ငါကမင်းငါ့ကိုစိတ်​ဆိုး​ပြေသွားပြီထင်​တာ။တကယ်​က မင်းအပြစ်​ဖြစ်​မှာဆိုးလို့ ငါ့ဆီကိုလာတာကို"

ချက်​ချင်းကြီးမျက်​နှာငယ်​ကျသွား​တဲ့​ရှောင်းကျန့်​​ကြောင့်​ ရိ​ပေါ်က ​​ဝေခွဲမရတဲ့စိတ်​နဲ့ ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​သွားတယ်​။
ချက်​ချင်းကြီးစိတ်​ဆိုး​ပြေပါတယ်​​ပြောလိုက်​ရင်​ ဒီ​ကောင်​ကသူ့​ကို ​အော်​ပီကျယ်​လို့ထင်​သွားမယ်​။
စိတ်​ဆိုးမ​ပြေ​သေးပါဘူးဆိုရင်​လဲ ​ရှေ့က​ကောင်​ကငို​တော့မလိုအခွက်​နဲ့!
ငါ ဒီအရွတ်​တုံးနဲ့ ဘယ်​လိုများ​ရှေ့ဆက်​သွားရပါ့မလဲ!!

CURSE(BF)Where stories live. Discover now