16

4.7K 573 38
                                    


"အန်​တီ​လေး​ပေးထားတဲ့ လိပ်​စာက ဒီနားမှာပဲဟာ။အိမ်က ​ဘယ်​​ရောက်​​သွားတာလဲ"

ရှောင်းကျန့်​လိပ်​စာကိုကြည့်​လိုက်​၊အနီးနားပတ်​ဝန်းကျင်​ကိုလှမ်းကြည့်​လိုက်​နှင့်​အလုပ်​ရှုပ်​​နေတယ်​။ အိပ်​​ပျော်​ချင်​​ယောင်​​ဆောင်​​နေတဲ့ရိ​ပေါ်က​တော့ မျက်​စိတစ်​ဖက်​ခိုးခိုးဖွင့်​ပြီးဆူပုပ်​​နေတဲ့မျက်​နှာကို ကြည့်​ကာရယ်​ချင်​စိတ်​ကိုမြိုသိပ်​​နေရတယ်​။အိမ်ရှာတာမ​တွေ့လို့ ​ငိုမဲ့မဲ့ဖြစ်​လာတဲ့မျက်​နှာ​လှလှကိုမကြည့်​ရက်​​တော့တာမို့ ခုမှနိုးလာသလိုပုံစံဖြင့်​ရုပ်​ရှင်​ရိုက်​ရ​တော့သည်​။

"ဝါး....အိပ်​လို့​ကောင်းလိုက်​တာ၊ ငါ့အိမ်​​ရောက်​ပြီလား"

"​အေး..​ရောက်​..​ရောက်​ပြီ"

မျက်​လုံး​တွေကိုပွတ်​ပြပြီး​မေးလိုက်​​တဲ့အခါ ​ရှောင်းကျန့်​ခဗျာ​ခြေမကိုင်​မိလက်​မကိုင်​မိ​တွေဖြစ်​ပြီးစကား​တွေ​တောင်​ထစ်​ကုန်​တယ်​။
ရိ​ပေါ်လည်း ​ကြောင်​အ​​နေတဲ့​ရှောင်းကျန့်​ရဲ့လက်​ထဲကလိပ်​စာကတ်​ကိုယူကြည့်​လိုက်​ပြီး

"အိမ်​နံပါတ်​က ၃၃၉ပါ၊ ဒီအိမ်​က၃၃၆​လေ ၊​ရှေ့ဆက်​သွားရအုံးမှာ"

"​သြော်​ အင်း အင်း"

ပြောစကားကိုချက်​ချင်း​ခေါင်းငြိမ့်​ပြပြီးနား​ထောင်​​နေတဲ့အရွတ်​တုံး​က လက်​​တွေ​တောင်​တုန်​လို့၊ မဟုတ်​တာလုပ်​ထား​တော့လည်း ​ကြောက်​တတ်​လိုက်​တာသူ့အပြင်​​နောက်​တစ်​​ယောက်​မရှိ​ဘူး။

"​တွေ့ပြီ!ဒီအိမ်​ပဲ"

ကားကိုစက်​ရပ်​ပြီး ခြံတံခါးဆင်းဖွင့်​တဲ့​ရှောင်းကျန့်​ကရိ​ပေါ်မျက်​နှာဘက်​တစ်​ချက်​​လေး​တောင်​လှည့်​မကြည့်​ပါဘူး။
သူ့ကိုလာမ​ခေါ်ဘဲ ခပ်​တည်​တည်​နဲ့အိမ်​ထဲဝင်​ချသွားသူသော
ယောကျာင်္းခိုးတာအရမ်း​တော်​တဲ့အရွတ်​တုံး​လေးကို
တရားစွဲပြီးအ​လျော်​​တောင်းလိုက်​ရင်​​ကောင်းမလား။

၅မိနစ်​​လောက်​​ကား​ပေါ်မှာထိုင်​စောင့်​ပြီးချိန်​မှာ​တော့ရိ​ပေါ် ကိုလာမ​ခေါ်တာ​သေချာသွားပြီမို့ ကိုယ့်​ဘာသာကား​မောင်းပြီးဝင်​လာရသည်​။

CURSE(BF)Where stories live. Discover now