11

4.9K 723 63
                                    


"ဒိုင်း ဒိုင်း ဘယ်​သူရ ငါ့က​လေး​လေး ရိ ​ပေါ် ရ !!"

လက်​ဝါးခြင်းရိုက်​လို့​အော်​ဟစ်​အား​ပေး​နေတဲ့​ရှောင်းကျန့်​ကို ​ကောင်​မ​လေး​တွေမျက်​​စောင်းထိုးကုန်​ပြီ။ရှောင်ကျန့်​ကလည်​တယ်​။သူရှိတဲ့​နေရာနားရိ​ပေါ်ဆိုင်​ကယ်​​ရောက်​ပြီဆိုမှ အသံကျယ်​ကျယ်​နဲ့​အော်​​တော့တာပဲ။ဆိုင်​ကယ်​နည်းနည်း​​ဝေး​ဝေးကို​ရောက်​ပြီဆိုပြန်​ထိုင်​ အချိုရည်​​သောက်​နဲ့ဟုတ်​​နေ​ရော!!

"ညီ​လေးက ရိ​ပေါ်ရဲ့သူငယ်​ချင်းလား"

အနားကို လာထိုင်​တဲ့အစ်​ကိုကြီးက ​ချော​နေ​ရော၊ မျက်​နှာထားကတည်​ငြိမ်​ရင့်​ကျက်​တဲ့ပုံစံနဲ့ ဆိုင်​ကယ်​ဝတ်​စုံအပြည့်ဝတ်​ထားတာမို့ ရိ​ပေါ်ရဲ့စီနီယာတစ်​​ယောက်​​ယောက်​ဖြစ်​ပုံရတယ်​။

"ဟုတ်​တယ်​ဗျ!ရိ​ပေါ်က ကျွန်​​တော့်​ ညီ​လေးသူငယ်​ချင်း(​ရှောင်​ဖုန်းယို)"

"​သြော်​..."

နှစ်​​ယောက်​သားကြားမှာ ဘာ​ပြောစရာစကားမှမရှိ​တော့တာမို့​ရှောင်းကျန့်​လဲ ရိ​ပေါ် ပြိုင်​ပွဲဝင်​​နေတာကိုသာပြန်​ပြီးအာရုံထားလိုက်​​တော့တယ်​။

"ဒါ အစ်​ကို့လိပ်​စာကတ်​၊ တစ်​ခုခုအကူအညီ​တောင်းစရာရှိရင်​ ဆက်​သွယ်​လိုက်​​နော်​"

သူ့လက်​ထဲ အတင်းထိုး​ပေး​နေ​တဲ့လိပ်​စာကတ်​​ကြောင့်​​ရှောင်းကျန့်​က. အံသြ​နေသဖြင့်​ ယူဖို့ တွန့်​ဆုတ်​​နေတယ်​။တကယ်​ဆို သူတို့နှစ်​​ယောက်​က ​လိပ်​စာခြင်းဖလှယ်​​နေရမယ့်​သူမှမဟုတ်​တာ..။

သူ့အ​တွေး​တွေကို သိ​နေသည့်​အလား အဲ့ဒီအစ်​ကိုက ခပ်​​ဟဟရယ်​လိုက်​ပြီး

"ယူထားလိုက်​! တ​နေ့​နေ့အကူညီလိုလာရင်​ ​တောင်းလို့ရတာ​ပေါ့။ ကိုယ်​သွား​တော့မယ်​"

ရှောင်းကျန့်​ရဲ့​ပေါင်​​ပေါ် လိပ်​စာကတ်​​လေးက​​ရောက်​လာတယ်​။
အဲ့ဒီအစ်​ကိုက​ကျောခိုင်းပြီးသွားမှ

"ညီ​လေး..မင်းသိလား၊ ဆိုင်​ကယ်​racer သမား​တွေအတွက်​အ​ရေးအပါဆုံးအထွဋ်​အမြတ်​ထားရာ​နေရာကဆိုင်​ကယ်​ဦးထုပ်​ပဲ။ ပြီး​တော့အဲ့ဒီဆိုင်​ကယ်​ဦးထုပ်​ကို​စောင်း​ပေးခွင့်​ရတဲ့သူက racerအတွက်​အ​ရေးအပါဆုံးလူဖြစ်​ပြီး​တော့ နမ်းခွင့်​ရတဲ့သူက racer ရဲ့ ဝိညာည်​ဘက်​ တဲ့"

CURSE(BF)Where stories live. Discover now