2

7.8K 952 53
                                    


ရိ​ပေါ်က အ​ဆောင်​ထဲကိုပြန်​ဝင်​ဖို့အတွက်​ တံခါးဝနားက​နေလူရိပ်​အ​ခြေအ​နေကိုကြည့်​လိုက်​တယ်​။
ဘယ်​သူမှရှိမ​နေဘူးဆိုတာ​သေချာ​တော့မှာ အိမ်​ထဲဆီ​ခြေသံဖွဖွ​လေးနင်းပြီးဝင်​လာကာ အခန်းတံခါးဆီလက်​​ရောက်​သွား​တော့
"ရိ​ပေါ်"

နောက်​​ကျောဘက်​က​နေကြားလိုက်​ရ​သော ခပ်​မာမာ​လေသံတစ်​ခု။
သွားပြီ!!

ရိ​ပေါ်ကမျက်​နှာ​လေးမဲ့ကျသွားပြီး အသံကြားရာဆီခန္ဓာကိုယ်​​လေးကိုလှည့်​လိုက်​တယ်​။
မျက်​လုံး​ထောင့်​က​နေသူ့ကို အဆူခံရမယ့်​အ​ရေးက ကယ်​မယ့်​တစ်​စုံတစ်​​ယောက်​ကိုအားကိုးတကြီးရှာ​ဖွေမိ​နေတာအမှန်​ပဲ။

"မင်း ညကဘယ်​ကိုသွား​နေတာလဲ၊
အ​ဆောင်​စည်းကမ်း​ဖောက်​တာကိုတင်းတင်းကြပ်​ကြပ်​တားဆီးထားတဲ့အ​ဆောင်ပိုင်​ရှင်​ရဲ့တူက​ရှေ့က​နေ အ​ဆောင်​စည်းကမ်း​တွေကို​တစ်​ခုပြီးတစ်​ခု​ဖောက်​ပြ​နေတာ​ကောင်းလား"

ကောင်းတယ်လို့​ပြောမိရင်​လဲလက်​စွဲ​တော်​တုတ်​​ကောက်​နဲ့ကညားအုံးမယ်​။
ဒီလူပျိုသိုးဦး​လေးကြီးကိုမြန်​မြန်​မိန်းမ​ပေးစားမှပဲ နားပူသက်​သာ​တော့မှာ။

ရိ​ပေါ်ရဲ့မျက်​နှာက ဆူပုပ်​ပုပ်​ဖြစ်​လာတယ်​။
ဆယ်​မိနစ်​​လောက်​အဆူခံပြီးချိန်​မှ​တော့ကယ်​တင်​ရှင်​က​ရောက်​လာခဲ့ပြီ။

"အိုက်​စူ ရိ​ပေါ်ကိုမဆူပါနဲ့။လူငယ်​ပဲဟာ တခါတ​လေအိမ်​ပြန်​​နောက်​ကျတာ အဆန်းမဟုတ်​ပါဘူး"

ရိ​ပေါ်ရဲ့အစ်​ကိုအရင်း ဟိုက်​ခွမ်းက သူ့ရဲ့မူပိုင်အပြုံး​လေးနဲ့ပြုံးပြပြီးဝင်​တားတယ်​။

ဦး​လေးက ရိ​ပေါ်ကိုဆူချင်​​ပေမယ့်​ ဟိုက်​ခွမ်းကို​တော့မျက်​နှာသာ​ပေးတယ်​။
အစ်​ကိုဟိုင်​ခွမ်းကလဲအရမ်းလိမ္မာတာကိုး။
ဆရာဝန်​ဆို​တော့လဲအမျိုး​တွေထဲမျက်​နှာပန်းလှတာ​ပေါ့။
ဆေးမှတ်​မှီ​ပေမယ့်​ ဆရာဝန်​မလုပ်​ချင်​ဘူးဆိုပြီးအနုပညာ​ကျောင်းကိုတတ်​ခဲ့တဲ့ရိ​ပေါ်ကို​တော့ ဦး​လေးကသိပ်​မကြည်​ပါဘူး။

CURSE(BF)Where stories live. Discover now