15

5.9K 738 82
                                    

"ဝမ်​ရိ​ပေါ် !!ဝမ်​ရိ​ပေါ် !!ဝမ်​ရိ​ပေါ်!!"

သံပြိုင်​​အော်​ဟစ်​သံ​တွေကြား စင်​​ပေါ်မှာ ရပ်​​နေတဲ့​ကောင်​​လေးက​တော့ လင်းလက်​​နေတဲ့ကြယ်​ပွင့်​​လေးလို..။

ကျန်​​နေခဲ့​သောငါးနှစ်​တာကာလအလွန်​က ​ကျောင်းသား​လေးရိ​ပေါ်မဟုတ်​​တော့ဘဲ တရုတ်​ပြည်​၏ လူကြိုက်​အများဆုံး idol အဖွဲ့ရဲ့ Main Dancerအဖြစ်​ ပွဲလည်​တင့်​ခဲ့ပြီ။

Wang YiBo ဆိုတဲ့အစိမ်း​ရောင်​Banner ​လေးကိုကိုင်​ပြီး​အော်​ဟစ်​အား​ပေး​နေတဲ့ ​ရှောင်းကျန့်​က​တော့လွန်​ခဲ့တဲ့ငါးနှစ်​က ဆိုင်​ကယ်​ပြိုင်​ပွဲမှာအား​ပေးခဲ့တဲ့ပုံစံ​လေးအတိုင်းပါပဲ။ဘာမှထူးခြား​ပြောင်းလဲမသွားဘူး။ အချိန်​တန်​ဘဏ်​ကတ်​ထဲကပိုက်​ဆံကိုထုတ်​သုံးပြီးသူငယ်​ချင်း​တွေနဲ့​ပျော်​တုန်းပါတုန်းပဲ။အိမ်​ကပိုက်​ဆံပို့တာအကုန်​မြန်​သွားရင်​​တော့ ပုံ​လေးတစ်​ပုံ နှစ်​ပုံထဆွဲပြီး အန်​တီ​လေးကုမ္ပဏီကို​ရောင်းလိုက်​တာပဲ။
ရိ​ပေါ်ကအလုပ်​အရမ်းများပြီးလူသိများတဲ့ idolတစ်​​ယောက်​ဖြစ်​​နေပြီဆို​ပေမယ့်​ သူလှမ်း​ခေါ်ရင်​​တော့မ​ရောက်​​ရောက်​​အောင်​လာ​တွေ့တယ်​။အရာရာကအရင်​အတိုင်းမ​ပြောင်းလဲဘူး။တစ်​ခု​လေးပဲကွာခြားသွားတာ။အရင်​တုန်းကသူတစ်​​ယောက်​တည်း​အော်​ဟစ်​အား​ပေးခဲ့တဲ့နာမည်​​လေးတစ်​ခုကအခု​တော့ လူအများကြီးသံပြိုင်​​အော်​ကာအား​ပေး​နေခဲ့ပြီ။

"ဟုတ်​ကဲ့ အထူးအစီအစဉ်​အ​နေနဲ့ ကျွန်​​တော်​တို့အဖွဲ့ရဲ့အသက်​အငယ်​ဆုံး​လေးဖြစ်​တဲ့ Wang Yibo က ပရိတ်​သတ်​​တွေထဲက တစ်​​ယောက်​ကို​ရွေးချယ်​ပြီး စင်​​ပေါ်မှာ သီချင်းဆိုပြမှာပါ၊
ကဲ...ဝမ်​ရိ​ပေါ် ​ရွေးချယ်​မယ့်​သူ​လေးကဘယ်​သူများဖြစ်​မလဲ"

စကားသံအဆုံးမှာ တကွင်းလုံးကို ဆလိုက်​မီး​ရောင်​​တွေက ဖြာကျသွားတယ်​။
ပွဲကိုလာတဲ့ Fan​တွေကလဲရင်​တထိတ်​ထိတ်​..။

ရှောင်းကျန့်​ဆိုပိုဆိုး။
ဒီပွဲကိုလာအား​ပေးဖို့ ရိ​ပေါ် သူ့ကိုဖိတ်​တုန်းကအလုပ်​မအားဘူးဆိုပြီးငြင်းခဲ့တဲ့သူက တိတ်​တိတ်​​လေးခိုးလာကြည့်​ပြီးမှ အခု သူ​ရွှေးချယ်​မယ့်​ တစ်​ဦးတစ်​​ယောက်​ကို မနာလိုခြင်း​တွေဖြစ်​​နေမိတယ်​။
ဒီအစီအစဉ်​သာပါမယ်​ဆိုတာသာကြိုသိရင်​ လာမယ်​လို့အတိအလင်း​ပြောပြီး သူ့ကိုပဲ​ရွေးခိုင်းပါတယ်​။
အခု​တော့..ကံထူးမယ့်​သူကို ဘယ်​သူလဲ​လိုက်​ကြည့်​​နေရသည်​မှာရင်​တထိတ်​ထိတ်​နဲ့၊
ကောင်​​လေးလား၊​ကောင်​မ​လေးလား၊
ရုပ်​​ချောလား၊ ဇာတ်​ကားထဲကလို idol နဲ့ fan girl ဇာတ်​လမ်း​တွေများဖြစ်​သွားမလား။
အိုက်​ရား.... ​ဒေါသထွက်​လိုက်​တာ..။

CURSE(BF)Where stories live. Discover now