12

5.5K 748 83
                                    

အရွတ်​တုံးက မလိမ္မာဘူး။အရမ်းဆိုးတယ်​။
ဒီစကားကို ရိ​ပေါ်က စွဲစွဲမြဲမြဲ ​ပြော​လေ့ရှိတယ်​။
ရှောင်းကျန့်​အတွက်​ ​ရိ​ပေါက ​သူနား​ထောင်​​နေကြ ပြင်​သစ်​သီချင်း​လေးနဲ့တူတယ်​။နား​ထောင်​လို့ ​ကောင်း​ပေမယ့်​ ဆိုလိုရင်းကို နားမလည်ဘူး။
ခုလည်းကြည့်​!!

"​အရွတ်​တုံး မင်း​ပြိုင်​ပွဲမစခင်​က ဘာလို့ငါ့ဦးထုတ်​ကိုနမ်းတာလဲ"

ရိ​ပေါ်ဆီက အထူးအဆန်းစကား​တွေချည်းကြား​ရပြီးသူ မထင်​ထားတဲ့လုပ်​ရက်​​လေးကို လုပ်​လိုက်​တဲ့ ရိ​ပေါ်ရဲ့အပြုအမူ​လေးကသူ့ရဲ့ရင်​ကိုလှုပ်​ခတ်​​စေပါတယ်​။။ဒါ​ပေမယ့်​ရိ​ပေါ်က​ယောကျာင်္း​လေး​လေ၊သူကိုယ်​တိုင်​လဲ​ယောကျာင်္း​လေးပဲ။ဘာလို့ ခံစားချက်​​တွေကပုံစံမကျရတာလဲ။
ဘေးက ကြည့်​ပြီးရယ်​​နေတဲ့အစ်​ကို​တွေကို လက်​ပြရုံသာ ပြပြီးနှုတ်​ဆက်​ခဲ့ပြီး ရှက်​ရှက်​နဲ့​ပြေးထွက်​လာမိတယ်​။
တကယ်​ဆို ရိ​ပေါ်က သူ့အ​ပေါ် ရိုးသားပါတယ်​။
သူကသာ​လျှောက်​​တွေး​နေမိတာ..။

မျက်​လုံး​တွေကိုမှိတ်​ထား​ပေမယ့်​ အိပ်​လို့မရဘူး။ရိ​ပေါ်ရဲ့အကြည့်​​တွေက ဘာလို့သူ့ကိုစိတ်​​တွေက​ယောင်​​ခြောက်​ခြားဖြစ်​​စေတာလဲ။တကယ်​ဆိုရိ​ပေါ်က သူ​ဂရုစိုက်​ရမယ့်​သူ့ညီ​လေး​လေ။
ဘာလို့ရင်​ခုန်​​နေရတာလဲ။

ရှောင်းကျန့်​တစ်​​ယောက်​အိပ်​ယာထက်​လူးလိမ့်​​နေပြီးအိပ်​လို့မ​ပျော်​​ပေ။သူ တစ်​​ယောက်​တည်း​နေ​နေရင်​ အ​တွေး​တွေ​ခေါင်​ပြီးရူးသွားမှာဆိုးလို့ ​နောက်​ဆုံး ကျန်းချန်​ တို့ဆီဖုန်းဆက်​ပြီးအိမ်​လာခဲ့ဖို့​ခေါ်လိုက်​ရ​တော့တယ်​။

.....

ရိ​ပေါ် အိပ်​လို့မရဘူး။
မနက်​ကအ​ကြောင်းကိုပြန်​​တွေးမိ​လိုက်​တိုင်း​ဒေါသကထွက်​လာတယ်​။

သူ့ဘက်​မှာတော့ ဆိုင်​ကယ်​​မောင်းပြိုင်​ပွဲကိုဘယ်​လိုဝင်​ပြိုင်​ခဲ့တာလဲ ကိုယ့်​ကိုယ့်​ကိုယ်​​တောင်​သတိမထားမိ​အောင်​ ​ရှောင်းကျန့်​ရဲ့အနမ်းက လွှမ်းမိုးနိုင်​လွန်းတယ်​။
ပထမဆု ယူခဲ့မယ်​ဆိုတဲ့ကတိအတိုင်း သူပထမဆု ရခဲ့ပြီး
ဆုတံဆိပ်​ဆွဲပြားကို ​အရွတ်​တုံးရဲ့လည်​ပင်း​ပေါ် ဆွဲ​ပေးလိုက်​ရင်းက

CURSE(BF)Where stories live. Discover now