10

6.2K 846 100
                                    


"မုန့်​​ယောင်​ ငါတို့ ​ရောက်​​နေပြီ!!
အင်း အင်း မင်းလာ​ခေါ်မယ်​ဆိုလဲဆိုင်​ပြင်​မှာ​စောင့်​​နေမယ်​။မြန်​မြန်​လာ"

မုန့်​​ယောင်​ကိုဖုန်းဆက်​ပြီး​ပြော​နေ​ရင်းက အမှတ်​မထင်​မျက်​ဝန်း​တွေကဆိုင်​ကယ်​ကို​ကျောမှီပြီးရပ်​​နေတဲ့​ကောင်​​လေးဆီ​​ရောက်​သွားတယ်​။ရိ​ပေါ်ရဲ့မျက်​နှာကအရမ်းကိုနီ​နေတာ​ရော!​နေများမ​ကောင်းဘူးလား။

သူကြည့်​လိုက်​​တော့လဲမျက်​နှာကိုချက်​ချင်းလွှဲသွားတဲ့ဒီ​ကောင်​​လေးကဘာများဖြစ်​​နေတာလဲ။အိမ်​ကထွက်​မလာခင်​ထိအ​ကောင်းကြီးပါ။ခုသူ့အနားလဲ မလာဘဲဆိုင်​ကယ်​နားမှာပဲရပ်​​နေတယ်​။

"ရိ​ပေါ် မင်းဆိုင်​ကယ်​ သူခိုး ခိုးမှာဆိုးလို့လား"

သူ့ရဲ့စကားကို ရိ​ပေါ်က​တော့မျက်​​စောင်းကြီးသာထိုးပြပြီးဘာမှခွန်းတုန့်​မပြန်​။
ရိ​ပေါ်ဆိုတဲ့​ကောင်​က​လေ ​ရေခဲလူသားသိလား။
သူနဲ့အတူ​နေရရင်​ ပျင်းလို့​သေမှာပဲ!!

"ဟာ..မင်းတို့လဲစုံတွဲလိုက်​ကြီး​ပေါ့!!ငါအ​နှောက်​ယှက်​​ပေးမိသွားတာလား"

လူမလာခင်​​အသံအရင်​လွင့်​လာတာက​တော့မုန့်​​ယောင်​ပါပဲ။လူကသာအ​ကောင်​​သေးတာအသံကကျယ်​သလားမ​မေးနဲ့ ပုရစ်​ကအ​ဖေ​ခေါ်ရ​လောက်​မယ်​။

"ငါ့ကား ပျက်​​နေလို့ ရိ​ပေါ်ကလိုက်​ပို့​ပေးတာ၊ မင်း​ခေါ်လို့လဲလာရ​သေးတယ်​။ငါလှည့်​ပြန်​လိုက်​ရမလား"

ချက်​ချင်းခန္ဓာကိုယ်​ကိုလှည့်​လိုက်​​တော့မုန့်​​ယောင်​ကအတင်းလက်​ဆွဲပြီး​ချော့ကာဆိုင်​ထဲကို​ခေါ်သွားတယ်​။

"က​လေးဆန်​လိုက်​တာ"

ရိ​ပေါ်နှုတ်​ဖျားကစိတ်​ပျက်​လက်​ပျက်​​ရေရွတ်​လိုက်​သလိုမျက်​ဝန်း​တွေကမုန့်​​ယောင်​ကိုင်​ထားတဲ့​ရှောင်းကျန့်​လက်​​တွေဆီမှာ။ သူ့ကိုအ​နောက်​မှာချန်​ထားခဲ့ပြီးသူတို့က​တော့ပြုံးလို့ရွှင်​လို့!!

"​ရှောင်းကျန့်​ ဒါငါ့ကိုကို၊ ကိုကို သူ့နာမည်​က​ရှောင်းကျန့်​၊​နောက်​က ရိ​ပေါ်တဲ့"

CURSE(BF)Where stories live. Discover now