Part (3)

6K 164 1
                                        

ကျောမခိုင်းပါနဲ့

🌸pann

Part (3)

Happy birthday to you...

Happy birthday.. happy birthday...

Happy birthday.. dear phone khant..

Happy birthday to you...........

ဖြောက်...ဖြောက်...

ရေး.....

" သား မှုတ်လိုက်လေ "

" သမီးလေးပါ ကိုကိုနဲ့ အတူတူ မီးမှုတ်ကူလိုက်နော် "

မွေးနေ့ကိတ်ပေါ်မှာ ထိုးထားတဲ့ ဖယောင်းတိုင် မီးလေးကို ဒီဒီနဲ့ဘုန်းခန့် အတူ မီးမှုတ်လိုက်သည်..။

" သား..ဘုန်းခန့် အသက်ဆယ့်လေးပြည့်နေ့ မှစ၍ နောက်မွေးနေ့ရက်ပေါင်းများစွာ မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေနော်.. "

" ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျ... "

ဘုန်းခန့် လည်း အသက်ဆယ့်လေးနှစ် ရောက်လာသလို ဒီဒီလေးလည်း ကိုးနှစ်ထဲသို့ ဝင်လာပြီလေ..။

" ဖေ့သား ဘာလိုချင်လဲ "

" မလိုချင်တော့ပါဘူး သားမှာ အကုန်ရှိနေပြီပဲကို.. "

" ဝမ်းနည်းစရာ ကွာ..ဖေဖေက ပေးချင်နေတာကို "

" ဒါဆိုလည်း ပေးပေါ့..ဖေကလည်း "

" မွေးနေ့ရှင်က အလိုရှိမှ ပေးတဲ့လူက စိတ်ချမ်းသာမှာပေါ့.. "

" သား လိုချင်ပါတယ်.. ဖေဖေရဲ့ "

" ဟုတ်ရဲ့လား "

" ဟုတ်ပါတယ် ဆို.. "

" သေချာပြီနော်.. "

" very sure, daddy "

" ok, အိမ်ရှေ့ သွားကြည့်ကြည့် "

" ဟုတ်.. "

ဘုန်းခန့် ကိုယ်လေး လှုပ်လှုပ် လှုပ်လှုပ်လေးနဲ့ ပြေးထွက်သွားတော့ နောက်က ဒီဒီလေးကလည်း သူ့ကိုကိုနောက်ကနေ ပြေးလိုက်သွားပြန်သည်..။

ပြီး အော်ကြီးဟစ်ကျယ် နဲ့ သားက ပြန် ပြေးဝင်လာပြန်တော့ ဒီဒီလေးက လမ်းတစ်ဝက်တစ်ပျက် နဲ့ အိမ်ထဲကို သူမလေးပါ လိုက်ပြေးဝင်လာပြန်သည်..။

" ဖေ့..သားကို တကယ်ပေးတာလား "

" ဒါပေါ့.. "

ကျောမခိုင်းပါနဲ့   (Unicode)Where stories live. Discover now