Part (22)

4.8K 118 0
                                        

ကျောမခိုင်းပါနဲ့

🌸pann

Part (22)

" အင်းးးး.. "

ဒီဒီ  တစ်ခုခု လေးလံနေသလို ခံစားနေရတော့ ပတ်ဝန်းကျင် ကို တစ်ချက် လေ့လာကြည့်မိသည်..။

ဟင်..ကိုကို

ကိုကိုက ငါ့ကို ဖက်ထားတာလား..။

ဒီဒီ ရုန်းဖယ် ဖို့ ကြိုးစားသော်လည်း ကိုကို က ဒီဒီ့ခါးကို ဖက်ထားတာမို့ ဒီဒီ တစ်ချက်ရုန်းတိုင်း ကိုကိုက တွန့်နေတာမို့ ဒီဒီ အသာ လေး သူ့လက်ကို ဖယ်ကာ ပြန်အိပ်စေလိုက်သည်..။

ဒီဒီ ကိုကို့ မျက်နှာကို မေးထောက်ပြီး ငေးကြည့်နေမိသည်..။

" ကိုကိုက ဒီဒီ့လို မိန်းကလေး မျိုးကို မချစ်နိုင်ဘူးတဲ့လား ကိုကို.. ရတယ် ကိုကို မချစ်နိုင်ပေမယ့် အခု ကိုကို ဒီဒီ့ကို အများရှေ့မှာ လက်ထပ်ယူခဲ့ရတာပဲ မလား..အခု ဒီဒီက ကိုကို့ရဲ့တရားဝင် ဇနီးမယား ဖြစ်နေပြီ နောက် ဘယ်သူကမှ ကိုကို့ ဇနီးမယား မဖြစ်စေရတော့ဘူး ဒီဒီ အသက်ရှင်နေသရွေ့ မဟုတ်ဘူး ဒီဒီ အသက်မရှိတော့ရင်လည်း ကိုကိုက ဒီဒီ့ယောကျာ်း အဖြစ်နဲ့ပဲ ရှိနေရမယ် ကိုကို.."

ဒီဒီ ကိုကို့ကို စောင်လေးခြုံပေးပြီး အခန်းထဲမှ ထွက်ခဲ့လိုက်သည်..

" သမီး နိုးပြီလား.."

" ဟုတ်.. "

" သမီးတို့ကို ထမင်းစားဖို့ ခေါ်တော့ နှစ်ယောက် သားက အိပ်ပျော်နေပြီ..အခု ဗိုက်ဆာနေပြီ လား ထမင်းစားတော့မလား "

" ဟင့်အင်း မစားသေးဘူး မေမေပန်းဖြူ... ကိုကို နိုးမှပဲ အတူတူ စားတော့မယ် "

" ဒီဒီ တို့များ ယောကျာ်းရမှပဲ အချိုးတွေက ပြောင်းလာလိုက်တာ..အရင်က အချိုး ချိုးလို့လည်း မရပါဘူး "

" မေမေကလည်း.."

" ဘာလဲ..မဟုတ်လို့လား "

ဒီဒီ နှုတ်ခမ်းဆူပြီး မျက်နှာ မဲ့နေလိုက်သည်..။

ဒီဒီတို့က ယောကျာ်း ရပြီးမှ အချိုးပြောင်းလာတယ် ဆိုပေမယ့် ဒေါ်နှင်းနု တို့များ အခုထိ ဒီဒီကိုဆို ပြောချင်ဆိုချင်တဲ့ အချိုးက မပြောင်းတာကိုများ..ဟွန့် ။

ကျောမခိုင်းပါနဲ့   (Unicode)Where stories live. Discover now