Part (25)

5.3K 126 1
                                        

ကျောမခိုင်းပါနဲ့

🌸pann

Part (25)

" ဟယ်..ဆရာ ဖိနပ် အသစ်နဲ့ပါလား အရင်က ပျက်ခါနီးက ဘယ်ရောက်သွားတာလဲ "

" လွှတ်ပစ်ပြီ.."

" ဆရာ ဘယ်တုန်းက ဝယ်လိုက်တာလဲ..ပြောတော့ မဝယ်အားလို့ ဖိနပ်အစုတ်လေးပဲ စီးတော့မယ်ဆို.."

" ငါ သွားဝယ်တာ မဟုတ်ပါဘူး..ငါ့ ဇနီး ဝယ်လာပေးတာ "

" အော် ဒါကြောင့်ကိုး..တရားခံ မိပြီ "

" ဘာလဲ.. "

" ဆရာ ဖိနပ်အပါးစီးနေပေမယ့် ဒေါက်ဖိနပ် စီးနေသလို မြှောက်ကြွကြွ ဖြစ်နေတာကိုလေ..မိန်းကလေး တွေ ဒေါက်ဖိနပ် လေး စီးပြီဆိုရင် မချွတ်ချင်လောက်အောင် တဂွက်ကွက် စီးနေကြတာလေ..ဆရာလည်း အဲ့လိုပဲ အဲ့ဖိနပ် စီးပြီး မြှောက်ကြွကြွ ဖြစ်နေတာ မသင်္ကာလို့ မေ မေးကြည့်တာ.. ထင်တဲ့အတိုင်း ပဲ ..အော် အချစ်က ဆရာလို  လူတောင် အရှက်မရှိစေပါလား ကလေးတစ်ယောက် လို မြူ းကြွနေနိုင်အောင် လုပ်နိုင်ပါလား.."

" ဘာဖြစ်လဲ..နင့်အလှည့်ကျ ရင် ငါ့ထပ်ပိုဆိုးနေမယ် သတိထားနေ.. ငါ ကြားကြားနေရပါတယ် နင့် VVIP patient ကလ.."

" ဟာ..မေ့လို့ လူနာရှိနေတာ ဆရာ မေ သွားပြီနော် "

ကဲ...ပြေးပြန်ပြီ ဒီကောင်မလေး..။

ကိုယ်လည်း သူပြောသလို ဖြစ်နေတာလား..

ဖြစ်လည်း ဖြစ်လောက်ပါတယ်လေ..ကိုယ့် ကိုယ်ကြီးက တိမ်ပေါ် ရောက်နေသလိုပါ..။

ဖြစ်နိုင်ရင် အဲ့ဖိနပ်လေးစီးပြီး လမ်းလျှောက်နေတာတောင် ကချင်နေတာ..

ဖြစ်နိုင်ရင် ထိုင်နေရင်း တောင် ခြေလေးက မြှောက်ကြွကြွ လုပ်ချင်နေတာ..။

အဲ့လောက် အူမြူ းနေတာ..

အခုထိတောင် အခုလို ပျော်နေရင် သူမလေး စပေးတုန်းကဆို တွေးတောင် ကြည့်စရာ မလို..။

" အင့်.. "

" ဘာကြီးလဲ.. "

" ဖိနပ်လေ.. "

" ဟမ်.. "

" ယူကြည့်ကြည့်ပါ..ပြန် ပြန်မေးနေတာ ဘာဖြစ်နေမှန်းကို မသိဘူး "

ကျောမခိုင်းပါနဲ့   (Unicode)Место, где живут истории. Откройте их для себя