Part (24)

4.9K 113 1
                                        

ကျောမခိုင်းပါနဲ့

🌸pann

Part (24)

ဘုန်းခန့် ရေချိုးပြီး ထမင်းစားဖို့ ဆင်းခဲ့လိုက်သည်.. ။

" သား.. ထမင်းစားတော့မလား "

" ဟုတ် .. ဒီဒီ ရော စားပြီးပြီလား "

" မစားရသေးဘူး.. ညနေကတည်းက သားအပြန်လာကို စောင့်နေတာ ဘာမှ မစားထားသေးဘူး.."

" မစားသေးဘဲနဲ့ ဘာလုပ်နေလဲ မသိဘူး.. "

" သား အပြန်လာကို စောင့်နေတာလေ.. ညနေကတည်းက ခြံထဲဆင်းပြီး ထိုင်စောင့်နေတာ ထမင်းစားနှင့်မလား ဆိုတော့ မစားသေးဘူး သားအပြန်လာကို စောင့်ပြီး သားနဲ့အတူပဲ စားတော့မယ်တဲ့ .. သားကို ညနေကတည်းက မျှော်နေရှာတာ ခြံထဲ ဆင်းလိုက် ဧည့်ခန်းမှာ ထိုင်လိုက်နဲ့ တစ်ယောက် ထဲ ဗျာ များနေတာ ဖုန်းကိုကိုင်လိုက် ချ လိုက်နဲ့ ပြီး မဆက်ဘဲ ထိုင်နေပြန်ရော..သားကလည်း ပုံမှန်ထပ် နောက်ကျပြီး တော်တော် နဲ့ ပြန်မလာတော့ သူလည်း စိတ်ပူနေတာ မိုးလည်းချုပ်နေပြီ..သား မပြန်လာရမလားဆိုပြီး ခြံထဲ ဆင်းစောင့်နေတာ အန်တီဝါ အထဲ ဝင်စောင့်ခိုင်းတာတောင် မရဘူး..သူ အပြင်မှာပဲ သား အပြန်လာကို စောင့်နေမယ်တဲ့ သူ သားကို တော်တော် လေး စိုးရိမ်နေရှာတာပါ..သား ပြန်မလာမချင်း သမီးလေးမှာ ငိုမဲ့မဲ့ ရုပ်လေး ဖြစ်နေတာ သား ပြန်လာမှပဲ မျက်နှာက ရွှင်လန်းသွားတာ... "

" ... "

" အခုလည်း သားကို တွေ့ပြီးပြီဆိုတော့ စိတ်ချပြီး အပေါ်ထပ် တက်သွားတာနေမယ်..သား နဲ့ အတူ အပေါ်တက်သွားပြီး ကတည်းက ပြန်ကို မဆင်းလာသေးတာ..သား ကို စိတ်ပူတာ လျော့သွားလို့ ဖြစ်မယ် အဟင်း.."

အန်တီဝါက ပြုံးပြုံးလေးနဲ့ ပြောပြနေသလို ဘုန်းခန့်ရှိန်ကလည်း ပျားသကာလို ချိုအီ နေပြီ..။

" အာ့ဆို အန်တီဝါ ထမင်းပွဲ ပြင်ထားလိုက်ပါ..ကျွန်တော် သူ့ကို ထမင်းစားဖို့ သွားခေါ်လိုက်ဦးမယ် "

" အေးအေး..အန်တီဝါ ပြင်ထားလိုက်မယ် "

ဘုန်းခန့် အပေါ်ကို ပြေးတက်သွားပြီ..။

ကျောမခိုင်းပါနဲ့   (Unicode)Where stories live. Discover now