ကျောမခိုင်းပါနဲ့
🌸pann
Part (12)
" ဒီဒီရေ... "
" ရေ့..."
ဒီဒီ သူငယ်ချင်း တွေ အသံ ကြားတာနဲ့ အောက်ထပ်ကို ပြေးဆင်းလာသည်..။
" နင်တို့ကလည်း အခုမှပဲ ပေါ်လာတော့တယ်. မနက်အစောကြီး ကတည်းက ပြင်ဆင်ပြီး စောင့်နေတာ "
" ဘယ်အချိန်ကတည်းက ပြင်စောင့်နေတာလဲ.."
" နိုးကတည်းက.."
" တော်တော် တက်ကြွနေပါလား.."
" ဟုတ်ပါ့.."
" တက်ကြွရမယ်လေ..ကြက်တောင် ကစားရတာ ငါ ဒီလောက် သဘောကျ တာကို မနေ့ကတည်းက နင်တို့ပြောပြီးထဲက ငါ့မှာ တွေးပြီး ပျော်နေရတာကို..ပြီးတော့ ဒါ မကစားရတာ ကြာပြီလေ ကြာနေမှ ပြန် လက်ရည်စမ်း ရမယ် ဆိုတော့ စိတ်တွေ လှုပ်ရှားပြီး တက်ကြွနေတာ.."
" အေးပါ..သွား ကစားရအောင် "
" ဟုတ်တယ်.."
" အိုခေ.."
ဒီဒီတို့ သူငယ်ချင်း အုပ်စု ဒီဒီတို့ခြံဝင်းထဲသို့ ဆင်းလာကြသည်..။
" ငါနဲ့ ဘယ်သူ အရင် ကစားမလဲ.."
" ဝေလှိုင် အရင် ကစားလိမ့်မယ်.."
" ဖူးစုံမ..."
" ဟင်..ဟဲဟဲ နင်တို့ အရင် ကစားရအောင်ပါ "
" ဟွန့်..မသိရင် ခက်မယ် "
" မခက်ပါဘူး..နင်ကလည်း "
" မသိဘူး.."
" ကဲပါ..ကစားကြရအောင် ငါနဲ့ဝေလှိုင် အရင် ကစားမယ် ဆယ့်ငါးမှတ် ကြေး ကစားမယ်..ရှုံးသူထွက် ဘယ်လိုလဲ "
" အိုခေ.."
ဒီဒီ နဲ့ ဝေလှိုင်က အရင် ကစားတယ်..။
ဖူးစုံ က ဒိုင် လုပ်ပေးတယ်..
" 5 "
" 2.. ဝေလှိုင် ဒီဒီကို အမှီလိုက်လေ "
" ဒီဒီ ဖြေးဖြေး ရိုက်ပါဟ..ငါချည်း လိုက်ကောက်နေရတာ "
" နင်လည်း မိအောင် ရိုက်ပေါ့ "
" အေးပါ..ကြည့်ထားပါ တွေ့မယ် "
တစ်ယောက် နဲ့တစ်ယောက် အပြိုင်အဆိုင် ကြက်တောင် အောက်မကျ ဖို့ ကြိုးစားရိုက်နေကြသည်..။
YOU ARE READING
ကျောမခိုင်းပါနဲ့ (Unicode)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...
