Part (11)

4.7K 134 0
                                        

ကျောမခိုင်းပါနဲ့

🌸pann

Part (11)

မေသဇင် တစ်ယောက် ဟိုနား ကုန်းကုန်း ဒီနားကုန်းကုန်း ဟိုဟာ လှန်လှော ဒီဟာ လှန်လှော နှင့် တစ်ယောက် ထဲ ယောက်ယတ်ခတ် နေတော့ ကိုယ်လည်း မျက်လုံး နောက်လာပြီမို့ ဖွင့်ဟ မေးလိုက်သည်..။

" မေ နင့်ကြည့်ရတာ မျက်လုံးတောင် နောက်လာပြီ နင်ဘာတွေ ရှာနေတာလဲ.."

" ခေါင်းစည်းကြိုး ရှာနေတာ စောနက ဒီပေါ် တင်ထားတာပါ.. ဘယ်ရောက်သွားတာလဲ မသိဘူး ဂျပန် သရေကွင်းတွေက မခိုင်ဘူး ခဏခဏ ပြတ်လွန်းလို့.. "

" ချ ထားလည်း ရတာပဲကို.. နင်ကလည်း "

" ချ ထားလို့ မရဘူး ဘယ်ချိန် operation ဝင်ရမယ်မှန်း မပြောတတ်သေးဘူး..အဲ့လို ရုတ်တရက် ဝင်ရင် ငါက ဗျာများပြီး ဒီဆံပင်ကို မေ့ရော မေ့တော့ ဆရာက ဆူရော.. "

" ဆရာ ဆူတာပဲ ခံလိုက်ပေါ့..ဆရာနဲ့ နှစ်ယောက် ထဲ သပ်သပ် သီးသန့် စကားပြောရသေးတယ် မိုက်တာပေါ့ "

" အဲ့လိုကြီးတော့ မပြောချင်ပါဘူး.. ဆရာက ဒီအတိုင်း သာ သဘောကောင်း သလိုနဲ့ ဆူရင် အသက်ကြီးကြီး အဖိုးကြီး ကျနေတာ.. "

" ကျွန်တော့်အသက် နှစ်ဆယ့်လေးနှစ် ပဲရှိပါသေးတယ်..အဖိုးကြီး ရောက်ဖို့တော့ လိုပါသေးတယ် "

နောက်နားက အသံကြောင့် မေသဇင်နဲ့ တင်ဇာ တို့ လန့်သွားရသည်..။

ဘယ်ချိန်ကတည်းက ဆရာ ရောက်နေတာပါလိမ့်..သေချင်တော့တာပဲ..

နှစ်ယောက် သား ပြုံးဖြီးကာ

" တောင်းပန်ပါတယ် ဆရာ .. မေ မေ က ဒီအတိုင်း ပြောမိတာပါ စိတ်ထဲမထားပါနဲ့ "

လန့်သွားတဲ့ ကောင်မလေးကို ကြည့်ပြီး ဘုန်းခန့် ပြုံးမိသည်..။

သူလည်း သိပ်မဆူလိုက်ရပါပဲ..ဒါကို သူမလေး က ကြောက်ပြနေတော့ ဒီလူ နာမည် ဆိုး ထွက်နေတော့မည်လေ..။

" အဲ့လောက် ကြီးလည်း မကြောက်ပြပါနဲ့..မင်း အဲ့လောက် ကြောက်ပြနေတော့ ငါက ဘီလူးတဘတ် ကြီး ဖြစ်နေတော့မှာပေါ့..ဒါဆို ငါ့နား ကပ်မယ့်သူတော့ မရှိတော့ဘဲ နေမယ် ယောကျာ်း လေးတွေ မကပ်ရင် နေပါစေ..မိန်းကလေး တွေတော့ မကပ်ဘဲ နေမှာ စိုးရိမ်မိသား "

ကျောမခိုင်းပါနဲ့   (Unicode)Where stories live. Discover now