2005

131 20 8
                                    

ဒီ​နေ့​တော့ ဂျွန်​​မြောင်​ အ​စောကြီးနိုးလာခဲ့သည်​။

သေချာတာ​ပေါ့...ဂျွန်​​မြောင့်​ဘာသာနိုးလာခြင်း​တော့ မဟုတ်​။ အထက်​တန်း ပထမနှစ်​တုန်းက ဂျွန်​​မြောင်​ တွဲခဲ့သည့်​ ရည်းစား​ဟောင်းက ဖုန်းဆက်​၍ နိုးလာခြင်းသာ။

လက်​ရှိဂျွန်​​မြောင်​​ရောက်​​နေသည်​က ၂၀၀၅ ခုနှစ်​ ဂျူလိုင်​လ ဆယ်​ရက်​..။

တနင်္ဂ​နွေ​နေ့ဖြစ်​သလို သူနှင့်​ အွန်း​ဟယ်​တို့ ပထမဆုံး ​တွေ့ဆုံရန်​ ချိန်းဆိုသည့်​​နေ့လည်းဖြစ်​သည်​။

အရင်​ဂျွန်​​မြောင်​သာဆိုရင်​​တော့ မနက်​၆နာရီ​လောက်​ထဲက ထကာ ​ကော်​ဖီဆိုင်​ကို တစ်​နာရီ​လောက်​ ​စော​ရောက်​​နေမှာ အ​သေအချာ​။ ပန်းတစ်​ပွင့်​​နှင့်​အတူ "အစ်​ကို့ကိုသတိရ​ပေး​နော်​" ဘာညာပင်​ ​ရေး​၍​ပေးမိဦးမည်​ထင်​သည်​။

အခုဂျွန်​​မြောင်​က​တော့ ရီရှင်းကိုသာ လို​တော့သည်​မို့ ​ကော်​ဖီဆိုင်​အစား အင်​ချွန်းကိုသွားရန်​ ဆုံးဖြတ်​လိုက်​သည်​။ အွန်းဟယ်​ကို​​တော့ ​နေမ​ကောင်းဟု အ​ကြောင်းပြချက်​​ပေးလိုက်သည်​။ အတိတ်​ဘဝက လုံလုံ​လောက်​​လောက်​ ဂရုစိုက်​​ပေးခဲ့သည်​မို့ ရီရှင်းဆီသွားသည်​မှာ မလွန်​ဟု ဂျွန်​​မြောင်​ထင်​သည်​။

အင်​ချွန်းကို​ရောက်​​တော့ ​နေ့လည်​စာစားချိန်​ပင်​ ​ကျော်​​နေပြီ။ ရှင်းဖို​ဈေးကိုဝင်​ကာ ရီရှင်းအတွက်​ ငါး​ပေါင်​မုန့်​ဝယ်​ပြီးချိန်​တွင်​​တော့ နှစ်​နာရီပင်​ ထိုးလုပြီဖြစ်​သည်​။ ငါး​ပေါင်​မုန့်​များ မ​အေးခင်​ ရီရှင်းဆီသွားရန်​ ကြံပြီးကာမှ ဂျွန်​​မြောင်​ သတိရသည်​။

ရီရှင်းက ဘယ်​မှာ​နေတာလဲ...?

အရင်​ ရီရှင်းက သွားရလွယ်​​အောင်​ဆိုပြီး ဆိုးလ်​မှာပဲ တိုက်​ခန်းငှါး​နေတာ​လေ
အခု ရီရှင်းက ဘယ်​မှာ​နေတာလဲ...?

အရင်​ကတည်းက ​ယောက္ခမများဆီသို့ သွားကာ မျက်​နှာချို​သွေးခဲ့သင့်​သည်​ဟု ဂျွန်​​မြောင်​​နောင်​တ ရလာခဲ့သည်​။ အခု​တော့ အိမ်​လိပ်​စာပင်​မသိ၍ ဒုက္ခ​ရောက်​​နေပြီမဟုတ်​လား..။

ဒီ​နေ့Where stories live. Discover now