2006

52 15 4
                                    

နိုးစက်သံ နားထဲဝင်လာသည်နှင့် ဂျွန်မြောင့်မျက်လုံးများက အလိုအလျောက်ပွင့်လာသည်။ ညောင်းကိုက်နေသော လက်နှစ်ဖက်ကို နှိပ်ရင်း ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ အခန်းထဲက စာကြည့်စားပွဲပေါ်တွင် အိပ်ပျော်မှန်းသိလိုက်ရသည်။

စာကြည့်မီး မှိန်ဖျော့ဖျော့သာ လင်းနေသည်မို့ သေချာမမြင်ရသော်ငြား မျက်စိရှေ့မှ ရှုပ်ပွနေသော ရောင်စုံစာအုပ်များကြောင့် စာလုပ်ရင်း အိပ်ပျော်သွားပုံပင်။

၎လပိုင်း ၁၂ရက် ၊ ၂၀၀၆ ခုနှစ်..။

မနက် ငါးနာရီ..။

လက်ထဲကဖုန်းကို အိပ်ရာပေါ် ပစ်တင်ရင်း လိုက်ကာဆွဲဖွင့်လိုက်တော့ လေအေးများက ဂျွန်မြောင့် မျက်နှာပေါ်ကို ဖြတ်ပြေးသွားသည်။

တစ်ရက်တည်းနှင့် ကိစ္စမျိုးစုံဖြစ်သွားသောကြောင့် လက်ရှိအချိန်ကို ဂျွန်မြောင်ဆက်စပ်မရ။အပြာရောင် ကောင်းကင်ကို ငေးကြည့်နေရင်း ဖြစ်ခဲ့သည်များကို လက်ခံနိုင်ရန် မနည်းကြိုးစားနေရသည်။

အရှိန်နှင့် မောင်းလာသော ကားမီးရောင် က အစ မနေ့က အွန်းဟယ်နှင့် တွေ့ခဲ့သည်အထိ အချိန်များက ပတ်ချာလည်နေကြသည်။

သေမယ်ဆိုရင်လည်း သေလိုက်ပါတော့လား။ ဘာမှ လုပ်လို့မရရင် ဘာလို့ ပြန်လာနေရသေးလဲ..။

ရီရှင်းဆီတွင် စိတ်ရှိလက်ရှိ ငိုခဲ့သည်တိုင်အောင် အခြေအနေများက ခက်ခဲနေတုန်းပင်။

ကျန်းရီရှင်း...။

နှုတ်ခမ်းထူထူ ၊ ပါးဖောင်းဖောင်းနှင့် မျက်ခွံများ ပိတ်ကျသွားသည်အထိ ပြုံးရယ်တတ်သော ကောင်လေးကိုသာ မတွေ့ခဲ့လျှင် ဒီအချိန်အထိ အသက်ရှင်နိုင်မည်ဟု ဂျွန်မြောင်မထင်..။

"အစ်ကို့ကို ကျွန်တော်ယုံတယ်"

"ကျွန်တော်ကတော့ စီနီယာ့ကို ယုံတယ်"

ပင်လယ်ပြင်လို လှိုင်းထန်နေသော စိတ်အခြေအ နေသည် ရီရှင်းအကြောင်းတွေးရုံနှင့် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်...။

အနည်းဆုံးတော့ ရီရှင်းရှိနေသေးတာပဲ..။

အတိတ်ကို ပြန်ပြောင်းလို့ မရတော့ပေမဲ့ ရီရှင်းကတော့ ရှိနေသေးတာပဲ...။

ဒီ​နေ့Where stories live. Discover now