" ဂင်ဂျွန်မြောင်! ဂင်ဂျွန်မြောင်! ဂင်ဂျွန်မြောင်! "
ပတ်ပတ်လည်မှ လူထုက ဂျွန်မြောင့်နာမည်ကို အားကြိုးမာန်တက် အော်ဟစ်နေကြသည်။ သို့သော် ထိုသူများ၏ မျက်နှာကိုမူ ဂျွန်မြောင် မမြင်ရ။
ရုတ်တရပ် ဂျွန်မြောင်က အမှောင်ထုထဲရောက်သွားသည်။
ဂင်ဂျွန်မြောင်ဟု အော်သံက ပိုကျယ်လာသည်။
ခပ်လှမ်းလှမ်းတွင် အလင်းရောင်တစ်ခုတွေ့လိုက်ရသည်မို့ ထိုအလင်းရောင်ဆီသွားရန် ခြေလှမ်းစဉ် တစ်ခုခုနှင့် တိုက်မိသည်ဟု ခံစားလိုက်ရသည်။
ငုံ့ကြည့်လိုက်တော့ ဘတ်စကတ်ဘောတစ်လုံး။
ဂျွန်မြောင်ကောက်ယူလိုက်သည်နှင့် ဘောလုံးကပျောက်သွားသည်။
ဂျွန်မြောင့်နာမည်ခေါ်သံက နားစည်ပေါက်ထွက်မတတ်ကျယ်လာသည်။
သို့သော် အရင်လို ပျော်သံစွက်မနေတော့။
ပြီးတော့ လက်မောင်းအောက်မှ တုန်ခါမှုနှင့်အတူ ဂျွန်မြောင်နိုးလာသည်။
ဖုန်းလာနေတာဖြစ်သောကြောင့် ကိုင်လိုက်သည်နှင့် ဒေါသတကြီးအော်သံက နားထဲဝင်လာသည်။
"ရား..ဂင်ဂျွန်မြောင်။ မင်းအခုထိ မလာသေးဘူးလား။ ဒီနေ့ projectအတွက် ဆွေးနွေးစရာရှိတယ်လို့ ငါပြောခဲ့တယ်လေ။ အခု ၈နာရီကျော်နေပြီ"
ဆဲဆိုသံများ ဆက်တိုက်ထွက်လာသောကြောင့် ဖုန်းချကာ ပြက္ခဒိန်ကြည့်တော့ ၂၀၁၁ခုနှစ်..။
အချိန်တွေက တကယ်ပင် ကြုံရာကျပန်း လည်ပတ်နေပုံရသည်..။
.....................
၈နာရီကို မိနစ်၆၀နှစ်ခါပြန် စွန်းစွန်းနောက်ကျပြီးမှ ကျောင်းထဲရောက်လာသဖြင့် ဂျွန်မြောင့်ကို သူငယ်ချင်းများက သိပ်မကြည်။
ကြိုဝယ်လာတဲ့ မုန့်ထုတ်တွေကို စားပွဲပေါ်တင်ကာ မင်းတို့အတွက်ဘာညာ မျက်နှာချိုသွေးလိုက်မှ ဆဲသံများကြားက ဂျွန်မြောင်လွတ်တော့သည်။ ဒါတောင်မှ ညကျတစ်ဝိုင်းဟု ကတိပေးလိုက်ရသေးသည်။
ဒီအသံတွေကို ဂျွန်မြောင် မကြားရတာ တကယ့်ကို ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ....။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြန်...