1991

87 16 1
                                    

"ဂျွန်လေးရေ...ကျောင်းသွားရတော့မယ်..ထတော့လေ"

ပုခုံးပေါ်က ခပ်ဖွဖွအထိအတွေ့နှင့်အတူ မေမေ့အသံက နားထဲသို့ဝင်လာသည်။

"မထချင်သေးဘူး"

ဂျွန်မြောင်က ခပ်တိုးတိုးပြန်ဖြေတော့ မေမေက ရယ်သည်။

"ဂျွန်လေးသဘောကျတဲ့ ထမင်းလိပ် မေမေလုပ်ထားတာမို့ မြန်မြန်ထပြီး စားရအောင်။ သွားတိုက်တံကိုလည်း ယုန်ရုပ်လေး လဲပေးထားတယ်။ ဂျွန်လေးကြိုက်တဲ့ ယုန်ရုပ်လေးလေ"

ဂျွန်မြောင် အလယ်တန်းစတက်တော့ မေမေက အကျင့်ရအောင်ဟုဆိုကာ နှိုးစက်နှင့် အိပ်ရာထခိုင်းခဲ့သည်။

အခု မေမေလာနှိုးတယ်ဆိုတော့ အချိန်တွေက ဘယ်လောက်တောင် နောက်ပြန်ဆုတ်သွားတာလဲ..?

ဂျွန်မြောင် ချက်ချင်းထထိုင်တော့ မေမေက "ဒီကလေးက ထမင်းလိပ်ဆိုတာနဲ့ ထတော့တာပဲ"လို့ ပြောရင်း ဂျွန်မြောင့်ပါးကို မနာအောင် ဆွဲညှစ်သည်။

"သွား...မျက်နှာသွားသစ်ထား ဂျွန်လေး..မေမေ ကိုကို့ကို နှိုးဦးမယ်"

မေမေထွက်သွားသည်နှင့် ဂျွန်မြောင် ရေချိုးခန်းကို မှန်ကြည့်ရန် ပြေးရတော့သည်။

ရေချိုးခန်းထဲရောက်တော့ မှန်က ဂျွန်မြောင့်ထက် အများကြီး မြင့်နေသည်။ ရွယ်တူများထက် အနည်းငယ် သေးတာမှန်ပေမဲ့ အခုလို မှန်ကို မမြင်ရသည်အထိတော့ ဂျွန်မြောင် အရပ်ပုမနေ။ မသင်္ကာသဖြင့် ခုံပေါ်တက်ကြည့်လိုက်တော့ မှန်ထဲမှာက ဂျွန်မြောင်နှင့် တူသည့် ကလေးလေး တစ်ယောက်....။

ဟင့်အင်း...ဂျွန်မြောင်နဲ့ တူတာမဟုတ်ပဲ ဂျွန်မြောင်ပါပဲ..။

အသက် ၃၀နီးပါး ပြန်ငယ်သွားတာတောင်မှ ဂျွန်မြောင်သည် ချစ်စရာကောင်းနေဆဲပင်...။

အထက်တန်းကျောင်းသား ဂျွန်မြောင့်ကို ရီရှင်းက ချောသည်ဟု ပြောခဲ့ဖူးသည်။ ၅နှစ်ပင်မပြည့်သေးလောက်သည့် ဂျွန်မြောင့်ကိုဆိုရင်တော့ ချက်ချင်းပင် အဖြေပြန်ပေးလောက်မလားမသိ..?

ဒါပေမဲ့ သွားတိုက်ဆေးတောင် မနည်းညှစ်ယူနေရတာ အင်ချွန်းကို ဘယ်လိုသွားရမလဲ..?

ဒီ​နေ့Where stories live. Discover now