( Part - 5 )

863 75 0
                                    

( U & Z )

"​သေဆုံးသူ​ငွေနှင်းစက်​ဒါလီနွယ်​တို့နဲ့အတူတူ မကြာခဏလာခဲ့ဖူးတဲ့​ကော်​ဖီဆိုင်​ဆိုတာ ဒီဆိုင်​လား ..."

​ကော်​ဖီဆိုင်​လေးထဲတွင်​လူအများကြီးရှိ​နေပါ​ချေ။ သီးသန့်​ဆန်​၍ တိတ်​ဆိတ်​သော်​ငြားလည်း တခြားသူ​တွေ မ​တော်​တဆ​တောင်​ကြားလို့မဖြစ်​သော စကားမို့ မိုးဖွဲက သိုလ်​နဲ့ မျက်​နှာချင်းဆိုင်​ထိုင်​နေရာက​နေ အနည်းငယ်​ရှေ့တိုး၍ ခပ်​တိုးတိုး​ပြောလိုက်​လေ၏။

ဒါကို သိုလ်​ကလည်း သူမပြောတဲ့ပုံစံအတိုင်း မျက်​နှာချင်းနီးေ​အာင်​ရှေ့ကိုထပ်​တိုး၍ စကားသံတိးုတိုးဖြင့်​...

"ဟုတ်​တယ်​ဒီဆိုင်​ပဲ ..."

လိုတာထက်​ပို​ပြီး​ရှေ့တိုးလာ​သော သိုလ်​ရဲ့မျက်​နှာ​ချော​ချောနဲ့​သူမမျက်​နှာသို့ အဖျားခတ်​လာခဲ့​သော​သူ့ရဲ့​စကား​ပြောသည့့်လေ​ငွေ့​နွေးတို့​ကြောင့်​မိုးဖွဲတွန့်​ခနဲ​နောက်​ပြန်​ဆုတ်​လိုက်​ရ၏။
ပြီး​တော့ အလိုမကျသည့်​အကြည့်တစ်ချို့ကလဲ သူ့ထံသို့​ပြေးဝင်​သွားခဲ့​လေသည်။
သိုလ်​က​တော့ သူမကိုကြည့်​ပြီး ပြုံး​နေ​လေ၏။

"တကယ်​တော့ ဒီဆိုင်​မှာက မသင်္ကာစရာဘာမှမရှိပါဘူး ကိုယ်​ပုံမှန်​လာ​နေကျ ဆိုင်​မို့လို့ သူတို့ကိုပါ​ခေါ်လာခဲ့ဖူးတာ​ငွေနှင်းစက်​က​တော့ ဒီက​ကော်​ဖီကိုကြိုက်​တယ်​ဒါလီနွယ်​က​တော့ သိပ်​မကြိုက်​ဘူး ကိုယ်​ဒီကိုလာတတ်​လို့ သူလာတာ ..."

"မသင်္ကာစရာ မရှိဘူးဆိုရင်​ဆိုင်​ထဲကို ဘာလို့ဝင်​လာ​သေးလဲ တခြားဖြစ်​နိုင်​ချေရှိတဲ့​နေရာ​တွေလူ​တွေဆီကို​သွား​သင့်​တာ​ပေါ့ ..."

"ကိုယ်​ကော်​ဖီ​သောက်​ချင်​လို့ ဝင်​လာတာ​လေ ..."

"အ​ပျော်​လျောက်​သွား​နေတာ မဟုတ်​ဘူး​နော်​တာဝန်​အရစုံစမ်းဖို့ သွား​နေရတာ ရှင်​သောက်​ချင်​ရင်​နောက်မှ​ကိုယ့်​ဘာသာ တစ်​ယောက်​ထဲလာ​ပေါ့ ..."

"​ပြောထွက်​တယ်​နော်​မင်းရဲ့တာဝန်​ဆိုတာအတွက်​ကိုယ့်​ရဲ့အချိန်​တွေကို ဖဲ့​ပေးပြီး ပူး​ပေါင်းကူညီ​ပေး​နေတာ ...
ကိုယ်​က အလုပ်​မရှိပဲ အား​နေတဲ့သူတစ်​ယောက်​မဟုတ်​ဘူးဆိုတာ​တော့ မင်းသိမှာပါ ..."

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now