( Part - 13 )

734 64 0
                                    

( U&Z )

အပန်းေ​ဖြပန်းခြံတစ်​ခုတွင်​ဖြစ်​ကာ ခပ်​လှမ်းလှမ်း၌ တစ်သွင်သွင်စီးဆင်း​နေသည့်​မြစ်​တစ်​စင်းကိုလဲ လှမ်းမြင်​နေရပါသည်​။
သာယာလှပသည့်​ပန်းခြံထဲမှာ မြက်ခင်းစိမ်း​ပေါ်၌​ပျော်​ပွဲစားထွက်​လာကြသည့်​လူ​တွေလဲရှိသလို တစ်​ချို့က​တော့ မြစ်​ကမ်းဘက်​ကို မျက်​နှာမူပြီး​လေ့ကျင့်​ခန်းလုပ်​နေကြသူ​တွေဖြစ်​သည်​။
အ​ပျော်​စက်​ဘီးစီး​နေသူ​တွေလဲ ရှိသလို တစ်​ဦးချင်း အနားယူအပန်း​ဖြေ​နေသူ​တွေလဲ ရှိ၏။
ခပ်​ဝေး​ဝေးမှာ​တော့ ကင်​မရာတစ်​လုံးနှင့်​ဓာတ်​ပုံရိုက်​နေသည့်​လူတစ်​ယောက်​လဲရှိ​နေ​လေသည်​။

သူများ​တွေလို ပတ်​ဝန်းကျင်​အလှအပ​တွေကို ခံစားပြီး​တော့ အနားယူဖို့​ရောက်​လာသည့်​သူ​တွေမဟုတ်​သော လူနှစ်​ယောက်​လဲ ရှိ​နေပါသည်​။
မိုးဖွဲနဲ့ ရှင်းသန့်​တို့နှစ်​ယောက်​တရားခံတစ်​ယောက်​ကို ဖမ်းဖို့အတွက်​ဒီပတ်​ဝန်းကျင်​ကို​ရောက်​လာခဲ့ရသည်​။
သူများ​တွေလို​အေး​အေး​ဆေး​ဆေး မ​နေနိုင်​ပေ။ မျက်​လုံးတို့က​တောင်​ကြည့်​မြောက်​ကြည့်​နှင့်​......
တရားခံသည်​ဒီ​နေရာတွင်​ဥပ​ဒေနဲ့မလွတ်​ကင်းသည့်​ပစ္စည်းလဲဖို့ ချိန်းဆိုထားသည်​ဟု သူတို့သတင်းရထား၍ လာ​စောင့်​ဖမ်းကြတာဖြစ်​သည်​။
ပန်းခြံထဲမှာ ရှင်းသန့်​နဲ့မိုးဖွဲက သမီးရည်းစားအတွဲ​တွေလို နှစ်​ယောက်​တွဲ၍​လျောက်​သွား​နေခဲ့ကြပြီး ကျန်​အဖွဲ့များက ပန်းခြံအ​ရှေ့ေ​ပါက်နဲ့​အနောက်​ပေါက်ေ​တွမှာ​စောင့်​နေကြ​လေသည်​။

"အစ်​မမိုးဖွဲ ဟိုအင်္ကျီအစိမ်းနဲ့တစ်​ယောက်​က တရားခံမဟုတ်​လား .... "

ရှင်းသန့်​က မျက်​ရိပ်​မျက်​ကဲနှင့်​ပြ​နေသည့်​လူကို သူမလှမ်းကြည့်​လိုက်​တော့ တကယ်​ပဲ သူမတို့ဖမ်းရမည့်​တရားခံဖြစ်​နေ​လေသည်​။

"ဟုတ်​တယ်​.... အနားကိုချဉ်းကပ်​ပြီး ဖမ်းမယ်​.....
အဖွဲ့​တွေကို အ​ကြောင်းကြားထားလိုက်​..... "

ရှင်းသန့်​က နားထဲမှာ တပ်​ထားသည့်​ဆက်​သွယ်​ရေးကိရိယာနှင့်​အဖွဲ့​တွေကို လှမ်းဆက်​သွယ်​လိုက်​လေသည်​။

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now