( Part - 15 )

741 70 0
                                    

( U&Z )

မိုးဖွဲ မိုလ်နှင့်အတူဒီနေ့ကစားကွင်းကို ရောက်ဖြစ်၏မိုလ်ကလဲ ဆန္ဒရှိနေသလို သူမကလည်း
မရောက်ဖြစ်တာကြာပြီမို့ မိုလ့်ဆန္ဒကို လိုက်လျော၍ သွားဖို့ သဘောတူလိုက်ခြင်းဖြစ်သည်။
ဒီရောက်လာတော့အရမ်းပျော်ရွှင်နေသူက မိုလ်ရယ်ပါ သူမလည်း သူ့လိုပင်​ပျော်ရွှင်ရပါသည်။

တကယ်ဆို ဒီလိုနေရာတွေက သူမအတွက်
သူစိမ်းဆန်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ယခုတော့မိုလ်ကြောင့် သူမ ရောက်လာခဲ့ရသည်။

" မိုလ် ကျွန်မတို့ တခုခုသွားစားကြစို့''

ကစားနည်းပေါင်းစုံ ကစားပြီးပြီမို့လို့
ဝမ်းဗိုက်က ဆန္ဒပြလာခဲ့ပေသည်။

"မိုးဖွဲ့ ဗိုက်ဆာရင် သွားစားကြမယ်လေ "

"မိုလ် ရော မစားဘူးလား"

"ဆာတော့ဆာတယ် ဒါပေမဲ့ အပျော်လွန်နေလို့ သိပ်မဆာဘူး မစားလို့လဲ ဖြစ်တယ်"

"အို.....မစားလို့တော့ မရဘူးနော် ကိုစွမ်းက သေချာမှာလိုက်တယ်......
အချိန်နဲ့ စားပြီး အချိန်နဲ့ ပြန်လာခဲ့တဲ့.....
မိုလ့်ကို အပင်ပန်းလည်း မခံ ပါစေနဲ့တဲ့.... "

"အဲ့ဒါ ကျွန်တော့်ကို စိုးရိမ်လို့ပြောတာ မဟုတ်ဘူး သိုလ့်ကို စိုးရိမ်လို့ပြောတာ....."

"သိုလ်ပဲ ဖြစ်ဖြစ် မိုလ်ပဲဖြစ်ဖြစ် နှစ်ယောက်လုံးက တစ်ယောက်တည်းပဲလေ"

"မဟုတ်ဘူး မတူဘူးသိုလ်ကသိုလ်
ကျွန်တော်က ကျွန်တော်
သိုလ်က အရမ်းတော်တယ် သူ့အတွက်ခက်ခဲ တယ်ဆိုတာ ဘာမှ မရှိဘူး
ကျွန်တော်အတွက်တော့ အရာရာက ခက်ခဲတယ် .......
ကျွန်တော်မလုပ်နိုင်တာတွေက အများကြီးပဲ........
သိုလ်ကတော့ သူမလုပ်နိုင်တာ ဘာတစ်ခုမှ မရှိဘူး ..... "

"မိုလ်ကဘာလုပ်ချင်လို့လဲ
မိုးဖွဲ ကိုပြောလေ ........
မိုးဖွဲကူညီပေးမှာပေါ့..... "

"တခြားအရာတွေကိုတော့ မဖြစ်မနေလုပ်ချင်တာ မရှိပါဘူး.....
တစ်ခုပဲ  ဆန္ဒရှိတယ်....
ကြိုးစားကြည့်ချင်တယ်"

'' ပြောလေ အဲ့ဒါဘာလဲ .....
မိုးဖွဲ ကူညီပေးမှာပေါ့..... "

" မိုးဖွဲ ကူညီရမှာ မဟုတ်ဘူးကျွန်တော်ပြောတာကို စိတ်မဆိုးဘဲနားထောင်ပေးရမှာ.........''

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now