( Part - 21 ) Ending

3K 112 3
                                    

( U&Z )

ရှင်းသန့်​ဖုန်းဆက်​သော​ကြောင့်​သို​လ်​အ​ကြောင်းစုံကို အားလုံးသိပြီးမှ ထင်​ရှား​ဇော်​၏ ဓာတ်​ပုံစတူဒီယိုသို့​ရောက်​လာခဲ့​လေသည်​။

သူ​ရောက်​တော့ ရဲ​တွေ​ရောက်​နေကြပြီဖြစ်​ပြီး ထို​နေရာအားလုံးကို ချိတ်​ပိတ်​ထားကာ ဘယ်​သူ့ကိုမှ ဝင်​ခွင့်​မပြု​ပေ။
ရှင်းသန့်​က သိုလ့်​ကို မြင်​တော့ သူကိုယ်​တိုင်​လာ​ခေါ်​သော​ကြောင့်​သိုလ်​အထဲသို့​ရောက်​လာခဲ့ရ​လေသည်​။

အ​ပေါ်ထပ်​က အခန်းထဲတွင်​အဓိကသက်​သေဓာတ်​ပုံ​တွေ အများအပြားရှိ​နေ​လေသည်​။ ထိုပုံ​တွေကို ကြည့်​ရုံနဲ့ ထင်​ရှား​ဇော်​သည်​လူသတ်​တရားခံအစစ်​ဖြစ်​သည်​ဟု အထင်​မှားစရာ ဘာမှမရှိ​တော့​ပေ။
တကယ်​တော့ သူ့ကို ခြိမ်း​ခြောက်​နေသည့်​လူသတ်​တရားခံအစစ်​သည်​သူ့အနားမှာ မိတ်​ဆွေအဖြစ်​ဟန်​ဆောင်​နေခဲ့လျက်​...

"ဒါဆို မိုးဖွဲ မိုးဖွဲ​ရော ... "

ရှင်းသန့်​ကို သူ​မေးလိုက်​တော့ ...

"ဆိုင်​ကဝန်​ထမ်း​တွေ​ပြောစကားအရ​တော့ ...
အစ်​မမိုးဖွဲဒီကို​ရောက်​ပြီး သိပ်​မကြာဘူး ထင်​ရှား​ဇော်​က ဒီကိုပြန်​ရောက်​လာတယ်​......
ပြီး​တော့ အထဲမှာ ထင်​ရှား​ဇော်​နဲ့ အစ်​မမိုးဖွဲတို့ စကား​ပြော​နေတယ်​ထင်​ပြီး သူတို့လဲ အထဲလိုက်​မဝင်​သွားဖြစ်​တော့ဘူးတဲ့ ......
ဆယ့်ငါးမိနစ်​လောက်​ကြာ​တော့ ထင်​ရှား​ဇော်​က​ကျောပိုးအိတ်​တစ်​လုံးနဲ့ အစ်​မမိုးဖွဲကို​ပွေ့ချီပြီး အ​နောက်​ဘက်​က အ​ရေး​ပေါ်​လှေကားက​နေဆင်းသွားပြီး​တော့ ကားနဲ့ထွက်​သွားကြတယ်​တဲ့ .....
သူတို့လဲ ဘာ​တွေဖြစ်​နေမှန်း မသိ​ပေမယ့်​မြင်​တော့မြင်​လိုက်​တယ်​တဲ့ ...... "

"ဒါဆို ဒီ​ကောင်​မိုးဖွဲကို​ခေါ်သွားတာ​ပေါ့ ဟုတ်​လား ..... "

"ဟုတ်​တယ်​အစ်​မမိုးဖွဲကို ဘာလို့​ခေါ်သွားမှန်း နားမလည်​တော့ဘူး .....
တကယ်​ဆို ရဲ​တွေသိသွားပြီကို သူလဲသိရဲ့သားနဲ့ ကိုယ်​လွတ်​ရုန်းမ​ပြေးပဲ အစ်​မမိုးဖွဲကို ဘာအတွက်​ဖမ်း​ခေါ်သွားရတာလဲ ..... "

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now