( Part - 8 )

778 72 0
                                    

( U & Z )

"အစ်​မမိုးဖွဲ အ​ထဲမှာဧည့်​သည်​ရောက်​နေတယ်​..... "

မိုးဖွဲက ရဲဌာန၏ အ​ပေါ်ထပ်​တွင်​တရားခံ​ပြေးတစ်​ယောက်​ကို ဖမ်းဝရမ်းထုတ်​ဖို့ မျက်​နှာပုံကြမ်းထုတ်​သည့်​ဆော့ဝဲလ်​သွားသုံးပြီး​အောက်​ထပ်​ပြန်​ဆင်းလာ​ခဲ့သည်​။​အောက်ထပ်က​မှုခင်းစုံစမ်း​ရေးဌာနသို့ သူမပြန်​ရောက်​လာတော့ အဝင်​ဝထဲကပင်​ရှင်းသန့်​က သတင်း​ပေးလိုက်​၏။

"ဘယ်​သူလဲ .... ငါ့အ​မေလား .... "
မိုးဖွဲ​မေ​မေ​ဒေါ်ခင်​ခင်​သွယ်​က တစ်​ခါတစ်​လေသူမအလုပ်​လုပ်​သည့်​ဌာနသို့​ရောက်​လာတတ်​သည်​မဟုတ်​ပါလား ....

"​မေ​မေငါ့ဆီလာရင်​ဖုန်းကြိုဆက်​မှာ​ပါ .....
အခုဖုန်းလဲ ကြိုမဆက်​ပဲနဲ့​ရောက်​လာတာလားမသိဘူး ..... "

"အစ်​မအ​မေ မဟုတ်​ဘူး .... "

"ဒါဆိုဘယ်​သူလဲ .....
ဒီလို​နေရာမျိုးမှာရှိ​နေတဲ့ ငါ့ဆီကို​မေ​မေကလွဲရင်​ဘယ်​ဧည့်​သည်​က လာမှာလဲ ...."

မိုးဖွဲကို လာ​တွေ့သည့်​သူ မရှိသ​လောက်​ပါပဲ။ သူမမှာ သူငယ်​ချင်းရှားပါးပါသည်​။​သူငယ်​ချင်းတစ်​ချို့တစ်​လေ ရှိ​သော်​လည်း တကူးတကသူမအလုပ်​လုပ်​သည့်​ရဲဌာနချုပ်​ဆီကို​တော့ လာ​တွေ့မည့်​သူငယ်​ချင်းဟူသည်​မရှိပါ​ချေ ။ ဒါဆို အခု​ရောက်​နေသည့်​ဧည့်​သည်​က ဘယ်​သူလဲ ......

မိုးဖွဲ ဇ​ဝေဇဝါဖြစ်​နေပုံကိုကြည့်​၍ ရှင်းသန့်​က ရယ်​ကျဲကျဲဖြင့်​.....

"သိပ်​အများကြီး စဉ်းစားမ​နေနဲ့ အစ်​မ​ရေ .....
အခုလာတဲ့ဧည့်​သည်​က အစ်​မချစ်​သူဆိုတဲ့တစ်​ယောက်ပဲ​..... "

"ငါ့ချစ်​သူ ဘယ်​ကချစ်​သူလဲ ..... "
မိုးဖွဲ ခဏ​တော့​ကြောင်သွား၍ ရှင်းသန့်​ပြောတာကို ဒက်​ခနဲသ​ဘောမ​ပေါက်​လိုက်​ပေ။ ပြီးမှ သူမရိပ်​မိသွားရကာ ......

"ဘာလဲ ဟိုတစ်​ယောက်​.... သိုလ်​လား ....
သိုလ်​ကို​ပြော​နေတာလား ..... "

"ဟုတ်​တယ်​အစ်​မရဲ့ချစ်​သူ​လေး​လေ .....
သူ​ရောက်​နေတာ .... "

"​သေချင်​လို့လား .... ဘာချစ်​သူလဲ ..... "
မိုးဖွဲက​ပြောလဲ​ပြော လက်​ကလဲလှစ်​ခနဲ ရှင်းသန့်​ဆီသို့​ပြေးဝင်​သွား၏။ ရှင်းသန့်​လဲ အသဲအသန်​ရှောင်​လိုက်​ရကာ ......

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now