( Part - 18 )

774 64 0
                                    

( U&Z )

သိုလ့်​အကူအညီနဲ့ တရားခံ​တွေကို မိုးဖွဲတို့ ဖမ်းမိခဲ့​လေသည်​။
တရားခံ​တွေကို စစ်​ချက်​ယူပြီး​နောက်​သိလိုက်​ရသည့်​အ​ကြောင်းအရာတစ်​ချို့​ကြောင့်​မိုးဖွဲတို့ဌာနသို့ သိုလ့်​ကိုလာဖို့​ခေါ်လိုက်​ရ​လေသည်​။

"အဲ့ဒီ့လူ​တွေက​ပြောတယ်​သိုလ်​ကို တိုက်​ခိုက်​ခဲ့တာက​သူတို့ကို​ငွေ​ပေးပြီးခိုင်းတဲ့သူရှိ​နေလို့တဲ့ ......
ခိုင်းေ​စသူကို ဘယ်​သူမှန်းမသိရပဲနဲ့ ဖုန်းနဲ့ပဲခိုင်းပြီး​ငွေ​တွေလွှဲ​ပေးခဲ့တာလို့​ပြောတယ်​.....
စာ​ရေးဆရာသို​လ်​ကို ထိုးကြိတ်​ဆုံးမပြီး​တော့ စကားတစ်​ခွန်းပဲ​ပြောခဲ့ခိုင်းတာတဲ့ ......
ဒါ​ပေမယ့်​အဲ့ဒီ့စကားကို သူတို့မ​ပြောခဲ့လိုက်​ရဘူး မိုးဖွဲ​ရောက်​လာလို့​လေ .....
ဓားထုတ်​လိုက်​ရတာကလဲ လူ​တွေများလာလို့ သူတို့ကိုယ့်​ကိုကိုယ်​ကာကွယ်​ဖို့ ထုတ်​သုံးလိုက်​ရတာပါတဲ့ ......
မရည်​ရွယ်​ပဲ မ​တော်​တဆ ဖြစ်​သွားတာလို့​ပြောတယ်​...... "

"သူတို့ကို​ပြောခိုင်းခဲ့တဲ့ စကားကဘာလဲ ....."

"ခြိမ်း​ခြောက်​စာ​တွေပို့​နေတဲ့သူက လုပ်​ခိုင်းတာလို့​ပြောလိုက်​သူသိတယ်​တဲ့ ..... "

သိုလ်​သိလိုက်​ပါသည်​။ ဘယ်​သူဆိုတာကို ....
သူ့ကို စိတ်​အ​နှောင့်​အယှက်​တွေ​ပေး​နေသည့်​လူပဲဆိုတာ​သေချာပါပြီ။

"ဆရာ့မှာ ရန်​သူ​တွေဘာ​တွေ ရှိ​နေလို့လား ..... "

ကို​ကျော်​စွာ​မေးလိုက်​တော့ သိုလ်​က အရင်​ဆုံး မိုးဖွဲကို လှမ်းကြည့်​လိုက်​ပြီး​နောက်​ရှင်းသန့်​ကိုစန်း ပိုင်​စိုးရတို့ကိုပါ​ဝေ့ကြည့်​လိုက်​လေသည်​။
သူဒီအ​ခြေအ​နေမှာ တစ်​ခုခုကို​တော့ ရှင်းပြရပါ​တော့မည်​။
မဟုတ်​ပါက သံသယဟူသည်​ကြာလာ​လေ ပိုတိုးလာ​လေ ဖြစ်​လာပါ​တော့မည်​။
ပြီး​တော့ မိုးဖွဲ မယုံကြည်​ရတဲ့သူ, သူမဖြစ်​လိုပါ။

"ကျွန်​တော်​ရှင်းပြပါ့မယ်​.....
တကယ်​တော့ ကျွန်​တော့်​ကို ဒီရက်​တွေထဲမှာ ခြိမ်း​ခြောက်​နေတဲ့သူတစ်​ယောက်​ရှိ​နေပါတယ်​..... "

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now