( Part - 6 )

824 71 0
                                    

( U & Z )

"ရှင်​တစ်​နေ့ တစ်​နေ့ ဒီဆိုင်​က​ကော်​ဖီကို မ​သောက်​ရရင်​မ​နေနိုင်​ဘူးလား ... "

မိုးဖွဲက သိုလ်​ကိုကြည့်​ပြီး ခပ်​ချဉ်​ချဉ်​ပြောမိလိုက်​သည်​။​နေ့တိုင်း တခြား​နေရာ​တွေသာသွားတာ ည​နေဆိုရင်​ဒီ​ကော်​ဖီဆိုင်​ကို ပုံမှန်​ရောက်​လာ​တော့တာပါပဲ။
​နေ့တိုင်းကျ​တော့ သူမလဲ​ကော်​ဖီဆိုင်​ထိုင်​ရတာကို ငြီး​ငွေ့လာရသည်​။ ကိုယ်​ကသူ့လို​အေး​အေး​ဆေး​ဆေး အ​တွေးသမားမဟုတ်​လှုပ်​ရှားပြီး အမှုစုံစမ်းဖို့သွားလာ​နေချင်​တဲ့သူ။ သိုလ်​နဲ့ သူမစရိုက်​ချင်း​တော့ ကွာကိုကွာပါ၏။

"ဘာလို့လဲ ... မင်းဒီကိုမလာချင်​လို့လား ..."

"မဟုတ်​ပါဘူး ... အဲ့ဒီ့​လောက်​ခါးခါးသီးသီးကြီးလဲ မဟုတ်​ဘူး ...
ရှင်​နေ့တိုင်း​သောက်​ဖြစ်​နေတာကို အံ့သြလို့​မေးတာ ... "

"အံသြစရာမှ မဟုတ်​တာကွာ ...
လူတစ်​ယောက်​မှာ သူ့အကြိုက်​ဆိုတာ ရှိကိုရှိတာပဲ​လေ ...
မင်းဆိုရင်​လဲ မင်းအကြိုက်​ရှိမှာ​ပေါ့ ... "

"မရှိပါဘူး ... မိုးဖွဲဖွဲတို့က အကြိုက်​ဆုံးဆိုတာလဲမရှိဘူး ...
တစ်ခုခုကို စွဲလမ်းတယ်​ဆိုတာလဲ မရှိဘူး ...
မျက်​စိ​ရှေ့​တွေ့ရင်​စားလိုက်​မယ်​လုပ်​လိုက်​မယ်​မ​တွေ့ရင်​မစားဘူး မလုပ်​ဘူး ...
တကူးတကကြီး လိုက်​ရှာ လိုက်​လုပ်​မ​နေဘူး ... "

"မင်းက မိန်းခ​လေးဖြစ်​ပြီး တကယ်​ကို ဖြစ်​သလို​နေတာပဲ ...
ဝတ်​ပုံစားပုံလဲ အတူတူပဲ ...
အမြဲတမ်း ဂျင်းပင်​န်​နဲ့ တီရှပ်​ပြီးရင်​အ​ပေါ်က ကုတ်​တစ်​ခုခု ဒါမှမဟုတ်​ရင်​ရှပ်​လက်​ရှည်​ကောက်​ထပ်​ဝတ်​ထားတယ်​...
ကိုယ်​နဲ့​တွေ့တိုင်းဒီပုံစံပဲ တစ်​ခါတစ်​လေ​လေး မိန်းခ​လေးပီပီသသ လှလှပပ​လေး ဝတ်​လာခဲ့ပါလားကွာ ... "

သူမကိုကြည့်​ပြီး ပြစ်​တင်​ဝေဖန်​နေ​သော သိုလ်​ကို သူမဘုကြည့်​ပြန်​ကြည့်​လိုက်​မိ၏။ ကိုယ့်​ဘာသာ ဘယ်​လိုဝတ်​ဝတ်​သူနဲ့ဘာဆိုင်​လို့လဲ သူမကို​သေချာ​လေ့လာပြီး​ပြောဆို​နေတာ ဒီလူတစ်​ဆိတ်​တော့ လွန်​နေပါပြီ။
ဟိုတစ်​နေ့ကလို အိမ်​မှာသူမ​တွေ့ခဲ့သည့်​မိုလ်​ဆိုသည့်​စိတ်​နဲ့​တော့ တခြားစီပါပဲ ...

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now