( Part - 20 )

839 66 0
                                    

( U&Z )

"မင်း​ဆေးရုံတက်​နေရတယ်​ဆိုလို့ ငါလာကြည့်​တာ .....
ဘယ်​လိုဖြစ်​ရတာလဲကွာ ..... "

သိုလ်​ဆီသို့ ထင်​ရှား​ဇော်​ရောက်​လာခဲ့ကာ လူနာသတင်း​လာ​မေး​လေ၏။
အခုထိ ဖြစ်​စဉ်​အားလုံး၏ တရားခံသည်​သူဆိုတာကို ရဲ​တွေလဲစုံစမ်းလို့ မရ​သေးသလို သိုလ်​သည်​လည်း မရိပ်​မိနိုင်​ခဲ့​သေး​ပေ။
သူကံ​ကောင်း​နေတာလား ......
သူတို့ကပဲ ကံဆိုး​နေခဲ့တာလား .......

"မင်းကို ကိုစွမ်း မ​ပြောပြလိုက်​ဘူးလား ..... "

"​ပြော​သားပဲ .... မိုးဖွဲကို တစ်​စုံတစ်​ယောက်​ပြန်​ပေးဆွဲဖို့ကြိုစားတာကို မင်းဝင်​ကူညီလိုက်​တာဆို ...... "

"ဟုတ်​တယ်​..... အဲ့ဒါပဲ .... "

"ဘယ်​လိုဖြစ်​ရတာလဲ သူ့မှာရန်​ငြိုးရန်​စ​တွေဘာ​တွေ ရှိ​နေလို့လား ...... "

"မဟုတ်​ဘူး .... ငါ့ကို မ​ကျေနပ်​လို့ မိုးဖွဲကို ဒုက္ခ​ပေးတာ ဒီ​ကောင်​..... "

"ဒါဆို မင်းမှာ ပြသနာ​တွေရှိ​နေတာ​ပေါ့ ....
ဘာကိစ္စမို့လို့လဲ ...... "

ထင်​ရှား​ဇော်​မေးလိုက်​တော့ သိုလ်​က ထင်​ရှား​ဇော်​ကို ပြန်​ငဲ့ကြည့်​နေပြီး ချက်​ချင်းမ​ဖြေပဲ​တွေ​ဝေ​နေခဲ့​လေသည်​။
သိုလ်​ဘယ်​သူ့ကိုမှ မယုံကြည်​တာမို့ ထင်​ရှား​ဇော်​ကိုလဲ ဒီအ​ကြောင်း​တွေ​ပြောပြ​နေဖို့ သူ,မ​တွေး​တော့​ပေ။

"ဒီလိုပါပဲကွာ .... တစ်​ခြားအ​ကြောင်း​လေး​တွေ ရှိ​နေတာပါ ..... "

သိုလ့်​စကားကိုကြား​တော့ ထင်​ရှား​ဇော်​က ခပ်​ယဲ့ယဲ့ မသိမသာပြုံးလိုက်​လေသည်​။ ဒါကို သိုလ်​တစ်​ယောက်​မမြင်​ခဲ့​ပေ။

"ဒါဆိုလဲ မိုးဖွဲနဲ့​ဝေး​ဝေး​နေလိုက်​ပေါ့ကွာ .....
​တော်​ကြာ မင်းကို မ​ကျေနပ်​တာနဲ့ပဲ မိုးဖွဲက ကြားက​နေ ထိခိုက်​နေဦးမယ်​...... "

ထင်​ရှား​ဇော်​က မိုးဖွဲကို စိတ်​ပူသလိုမျိုး​ပြောလိုက်​တာမို့ သိုလ့်​မျက်​ခုံးနှစ်​ဖက်​မြင့်​တက်​သွားခဲ့ကာ ထင်​ရှား​ဇော်​ကို စူးစမ်း​သော အကြည့်​တို့ဖြင့်​တစ်​ချက်​ကြည့်​လိုက်​မိ​လေသည်​။
ဒါကို ထင်​ရှား​ဇော်​ကလဲ သိ၏။

လျှို့ဝှက်သော သိုလ်(Complete)Where stories live. Discover now