1

7.4K 459 15
                                    

Jimin တစ်ယောက် ညဘက်ကြီး မုန့်ဆိုင်ကနေ မုန့်ဝယ်ပြီး ပြန်လာနေတုန်း
လမ်းထောင့်နား အရောက်မှာ သူ့ခြေထောက်ကိုလှမ်းဆွဲထားသလို ခံစားရတာကြောင့် ကြည့်လိုက်တော့ သွေးတွေပေနေသည့် လက်တစ်စုံပင်။

"အား! အမေ့!"

Jimin ကြောက်လန့်တကြားနှင့် အော်လိုက်သလို ထိုလူဆီကလဲ အသံထွက်လာတော့သည်။

"ကူညီပါ အ!"

*ငါကူညီလိုက်ရင် ကောင်းမလားမသိဘူး
အင်း ကူညီလိုက်တာ ကောင်းပါတယ်လေ*

Jimin လဲကျနေသည့်ကောင်လေးကို
ဆွဲထူလိုက်ကာ သူ့ပခုံးတစ်ဖက်ပေါ်
လက်တင်လိုက်ရင်း တွဲခေါ်ပြီး
သူ့အိမ်ကို ခေါ်သွားလိုက်သည်။

အိမ်ရောက်တော့သည်နှင့် Jimin တွဲခေါ်လာသည့် ကောင်လေးကို ဆိုဖာပေါ်မှာတင်လိုက်ပြီး သူက ကြမ်းပြင်ပေါ်မှာ လှဲချလိုက်သည်။ ဝယ်လာသည့် မုန့်ထုပ်ကိုလည်း စားပွဲပေါ်မှာ ပြစ်တင်လိုက်တော့သည်။

"အား! လေးလိုက်တာ သေတော့မှာပဲ
အသက်တောင် မကျန်တော့ဘူးထင်တာ"

Jimin အမောဖြေပြီးတာနှင့် ပြန်ထလိုက်ပြီး
ဆေးသေတ္တာနှင့် ရေဇလုံကို သွားယူလိုက်သည်။
ပြီးသည်နှင့် ဒဏ်ရာရနေသည့် ထိုကောင်လေးရဲ့
မျက်နှာက သွေးတွေကို အရင်သုတ်ပေးလိုက်ကာ
ဒဏ်ရာတွေကို ဆေးထည့်ပေးလိုက်သည်။ အင်္ကျီကိုကြည့်လိုက်တော့ သွေးတွေထွက်နေတာကြောင့် Jimin မထူးဘူးဆိုတာနှင့်
အင်္ကျီကိုလှန်ကြည့်လိုက်သည်။

အချွန်တစ်ခုခုနဲ့ ထိုးခံထားရသလိုဖြစ်နေပြီး
သွေးတွေလည်း ထွက်နေတာကြောင့် ရေနဲ့အရင်ဆေးချလိုက်ကာ သွေးတိတ်အောင်လုပ်ပြီး ပိုးသတ်ဆေးထည့်လိုက်ကာ
ပတ်တီးစည်းပေးလိုက်သည်။ ထို့နောက်
ထိုကောင်လေးရဲ့အင်္ကျီက သွေးတွေပေနေတာကြောင့် သူ့အကျီထဲက အကြီးဆုံးတစ်ထည်သွားယူပြီး လဲပေးလိုက်သည်။
Jimin အင်္ကျီလဲပေးပြီးနောက်...

*ဒီကောင်လေးကို ဘယ်မှာအိပ်ခိုင်းရမလဲ
ဆိုဖာပေါ်မှာမဟုတ်သေးဘူး။ ဒဏ်ရာတွေနဲ့ ဆိုဖာမှာအိပ်ခိုင်းရင် မကောင်းဘူး။
အိပ်ယာမှာဆိုရင်ကော သူ့ကိုအိပ်ယာမှာ
အိပ်ခိုင်းရင် ငါကဘယ်မှာအိပ်ရမှာလဲ။ ဆိုဖာမှာလည်း မအိပ်တက်ဘူး။
ထားလိုက်တော့ တူတူအိပ်လိုက်တော့မယ်*

LOVE STORY ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now