7

2.9K 292 29
                                    

"ဟူး"

Jimin တစ်ယောက် ညီလေးရဲ့ဆေးဖိုးတွေကိုကြည့်ပြီး သက်ပြင်းချနေခြင်း။ အင်း လေးနှစ်တောင် ရှိသွားခဲ့ပြီ မနှစ်ကတင် Chimလေးမှာ ကင်ဆာရောဂါပေါ်လာခဲ့သည်။ TaeHyungနဲ့ Yoongiက ဝိုင်းကူညီပေမယ့် Jiminမှာ အားနာတာကြောင့် အလုပ်တွေ ထွက်ရှာနေတာပင်။ သူ့ရဲ့အချိန်ပိုင်းလစာက ဆေရုံးဖိုးကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ။

ရုတ်တရပ် ဖုန်းနံပါတ်စိမ်း ဝင်လာတာကြောင့် Jimin ကိုင်လိုက်သည်။

"Park Jimin ပြောနေပါတယ်"

"Promise Campanyကပါ
Park Jimin Shiကို CEOရဲ့
အတွင်းရေးမှူးအဖြစ် အလုပ်ခန့်လိုက်ပါပြီ မနက်ဖြန် အလုပ်စဆင်းလို့ရပါပြီ"

"ဟုတ်ကဲ့ ဒါဆို မနက်ဖြန် ကျွန်တော် အလုပ်စဆင်းပါ့မယ် ကျေးဇူးတင်ပါတယ်"

Jimin ဖုန်းချပြီး မျက်နှာမှာ အပြုံးတွေ ဖြစ်တည်လာတော့သည်။ Jimin မုန့်တွေဝယ်ပြီး Chimလေးဆီကို သွားလိုက်သည်။

"နိုးနေပြီလား Chim"

"ဟုတ်ကဲ့ Hyung"

Jimin မုန့်တွေကို သေချာဖောက်ပြီး Chimကို ခွံ့ကျွေးလိုက်သည်။ သူသိပါတယ် သူ့ညီလေးက သူ့ကို အားနာနေမှန်း သူ့ဘဝမှာ အရင်က မောင်ဆိုတဲ့ လူသားပါရှိခဲ့ပေမယ့် အခုက ဒီညီလေးတစ်ယောက်ပဲ ရှိတော့တာ TaeHyungတို့ကိုလည်း အလကားသက်သက်ကြီး ဒုက္ခမပေးချင်ပါ။

"မနက်ဖြန် Hyung အလုပ်သွားရမှာမို့ ညနေဘက်လောက်မှ လာတွေ့ဖြစ်မယ်နော် Chim"

"ရပါတယ် သူနာပြုအစ်မက သားကို မပျင်းအောင် စကားတွေပြောပေးသလို ဟိုဘက်ခန်းက ကောင်လေးကလည်း သားကို အဖော်လာလုပ်ပေးတယ်"

"ဟုတ်လား ပြီးမှ Hyung ကျေးဇူးသွားတင်လိုက်အုံးမယ် Hyungရဲ့ ကလေးလေးကို ဂရုစိုက်ပေးလို့"

"တောင်းပန်ပါတယ် Hyung
သားကြောင့် ပင်ပန်းရပြီ"

"မဟုတ်တာ အဲ့လိုတွေ မတွေးပါနဲ့"

Jimin Chimလေးရဲ့ ဆံပင်ကို ပွတ်ပေးတော့ ထိုကောင်လေးက ခေါင်းငြိမ့်ပြလာသည်။ Jimin Chimကို အိပ်ပျော်အောင် ပြန်သိပ်ပြီး ဟိုဘက်အခန်းက ကောင်လေးကိုလည်း ကျေးဇူးတင်စကား ဝင်ပြောလိုက်သည်။

LOVE STORY ||ᴋᴏᴏᴋᴍɪɴ||Место, где живут истории. Откройте их для себя