10

3.1K 275 71
                                    

"အချစ်....မောင်နဲ့တူတူ သွားမယ်လေကွာ"

Jung Kook တယောက် Campany သွားဖို့ ဝတ်စုံလဲနေရင်းနဲ့ပင် Jiminအား လှမ်းပြီးတော့ ဂျစ်တိုက်နေသည်။

"မောင်ကလည်းကွာ....ကိုယ်က အလုပ်လေးသွားလုပ်ရုံပါ ပြီးရင် မောင့်ဆီကို ပြန်လာမှာကို"

ဒီနေ့ Jiminက အလုပ်ကိစ္စအတွက် Jung Kook အစား တခြား Campanyနဲ့ သွားပြီး ဆွေးနွေးရမှာမို့....Jung Kookနဲ့ Campany တူတူမသွားရတော့ပေ။ ထိုကြောင့် Jung Kook ဂျစ်နေခြင်းပင်။

"အချစ်လို့~~~"

သူ့အား နက်ကတိုင် စည်းပေးနေသည့်
Jiminရဲ့ ခါးကိုဖက်ကာ Jung Kook ဆက်ဂျစ်နေတော့သည်။ Jiminမှာတော့ သက်ပြင်းသာချနေရသည်။ ဒီကောင်လေးကလေ သူ အရမ်း အလိုလိုက်ထားမိပြီ ထင်တယ်။ အရမ်းဆိုးလာတာပဲ။

"မောင်....ကိုယ် ပြောပြမယ် ဒီနေ့ညကျရင် TaeHyungနဲ့ Yoongi Hyungရဲ့ ပွဲကိုသွားမှာမလား"

"အင်း...ဟုတ်တယ်လေ"

"ဒါကြောင့်....မောင်အခု Campany ကို တူတူသွားမလား ဒါမှမဟုတ် ညကျမှ ကိုယ်ရဲ့ပါတနာအဖြစ်နဲ့ ပွဲတက်မလား မောင် ကြိုက်တာရွေးနော်"

Jimin မြူစွယ်သလိုလေး Jung Kookအား ပြုံးပြကာ Jung Kookရဲ့ ရင်ဘတ်အား ပုတ်လိုက်သည်။ Jiminရဲ့ အပြောကြောင့် Jung Kook ခဏမျှငြိမ်သွားပြီး စဉ်းစားနေလိုက်သည်။ ထိုအချိန်၌ Jiminက ပြင်ဆင်စရာရှိတာ ပြင်ဆင်နေလိုက်သည်။

"အချစ်....မောင် ဆုံးဖြတ်ချပြီးသွားပြီ ညကျရင် မောင့်ပါတနာက အချစ်ပါဆိုပြီး မောင်ကြေညာမယ်....အခုကတော့ မောင် Campany အရင်သွားပြီး ညပွဲအတွက် ဝတ်စုံတွေ ရွေးထားလိုက်မယ် အချစ်"

သူ့အား အနောက်ကနေ ဖက်ကာ တခုချင်းစီကို ရှင်းပြလာသည့် Jung Kook ကြောင့် Jimin ပြုံးမိသွားသည်။ ဒီကောင်လေးကို ထောင်ချောက်ဆင်ရတာ အရမ်းလွယ်တာပဲ။

"ကောင်းပြီလေ...ဒါဆို ကိုယ် အလုပ်မြန်မြန်လုပ်ပြီး ပြန်လာခဲ့မယ်နော်"

"အွန်း....မောင့်ကို အနမ်းလေးပေးသွားပါအုံး"

Jimin Jung Kookနဲ့ မျက်နှာချင်းဆိုင်လိုက်ကာ ချိုမြိန်လှသည့် အနမ်းတခုကို စတင်လိုက်သည်။ တော်တော်ကြာမှ ထိုအနမ်းကို အဆုံးသတ်လိုက်ကာ သူတို့နှစ်ယောက် နေရာကိုယ်စီကို သွားလိုက်ကြတော့သည်။

LOVE STORY ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now