3

3.5K 335 33
                                    

~နှစ်လကြာပြီးနောက်~

"အား! Jung Kook အဲ့လို မလုပ်နဲ့လို့"

ထိုသည်ကား Jimin အိမ်တံခါးဝမှာ ရပ်နေတုန်း အနောက်ကနေ အသံမပေးပဲနဲ့ ပွေ့ချီလိုက်သည့် Jung Kookပင်။

"ချစ်လို့လေဗျာ"

သူ့ဆံပင်တွေကို နမ်းရှိက်ကာ ပြောလာသည့်
Jung Kookကြောင့် Jimin မျက်နှာမဲ့သွားသည်။ဒီနှစ်လလုံးမှာ Jiminသည် စဉ်းစားပေးမယ်သာ ပြောထားပေမယ့် Jung Kookကတော့ "ချစ်လို့" ဆိုသည့် စကားလေးတစ်ခွန်းနဲ့ Jiminကို နည်းလမ်းပေါင်းစုံနဲ့ အသားယူလို့နေသည်။

"ပြောပါအုံး အိမ်တံခါးဝကြီးမှာ ဘာထွက်လုပ်နေတာလဲ Hyung"

"အာ ဘာမှတော့မဟုတ်ပါဘူး ဒီနေ့ အချိန်ပိုင်းလည်း မရှိဘူးဆိုတော့လေ အပြင်ထွက်လည်ရင် ကောင်းမလားလို့"

"ဒါဆို သွားမယ်လေ"

"Hyungကို ချပေးအုံးလေ"

"ပုံမှန်အတိုင်းလေးသာ ဝတ်လာနော် Hyung"

သူ့ပါးလေးကို တစ်ချက်နမ်းကာ အောက်ချပေးလာသည့် Jung Kookအား မျက်စောင်းသာ ထိုးလိုက်သည်။ အဖြေတောင် မပေးရသေးပါဘဲ အသားယူလိုက်တာလည်း လွန်ပါရော။

"မင်းမှာတာတွေ အကုန်သိပါတယ်နော်"

ဆူပုတ်ပုတ်လေးနဲ့ Jimin ပြောလိုက်တော့
Jung Kookက ရယ်ပြလာကာ ပါးစပ်ကလည်း "သဝန်တိုလွန်းလို့ပါတဲ့ဗျာ"တဲ့လေ။

Jiminနဲ့ Jung Kook အင်္ကျီသွားလဲလိုက်သည်။ Jung Kookသည် အိမ်ကောင်းကြီးကို ပြစ်ထားကာ Jiminရဲ့ တိုက်ခန်းလေးမှာ လာနေနေတာ နှစ်လပင်ရှိနေသည်။ အခန်းကတော့ Jiminနဲ့တူတူသုံးသည်။

Jimin တိုက်ခန်းမှာ လာနေတုန်းက ပြောသည့် အကြောင်းပြချက်က အဖေဖြစ်သူနဲ့ ရန်ဖြစ်ပြီး ဆင်းလာသည်တဲ့လေ။ ဒါကြောင့် အိမ်လုံးဝ မပြန်ဘူးတဲ့လေ။ Jiminမှာတော့ Jung Kookရဲ့ အကွက်တွေကို အမှန်တကယ်ထင်သွားကာ အိမ်ပေါ်မှာ ခေါ်တင်ထားခဲ့သည်။

Jimin တီရှပ်အဖြူလေးနဲ့ ဂျင်းဘောင်းဘီအမဲကို တွဲဝတ်ကာ အပေါ်ကနေ Jung Kook ဝယ်ပေးထားသည့် အမဲရောင် အနွေးထည်ကို ဝတ်ဆင်လိုက်တော့သည်။ Jung Kookက Jiminနဲ့နည်းတူ တီရှပ်အဖြူလေးနဲ့ ဂျင်းဘောင်းဘီ ဒူးပြဲအပြာရောင်လေးကို တွဲဝတ်ကာ ဆင်တူအမဲရောင် အနွေးထည်ကို ဝတ်ဆင်လိုက်သည်။

LOVE STORY ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now