5

2.8K 269 30
                                    

"မောင်...ယားတယ်လို့ မစနဲ့ကွာ"

Jung Kook တစ်ယောက် Jiminအား အနောက်ကနေ သိုင်းဖက်ကာ တရွှတ်ရွှတ်နမ်းရင်း စနေသည်မို့ Jiminမှာ တားနေရတော့သည်။

"Hyungကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး ပြောပါအုံး မောင့်ကို ဘယ်လိုတွေတောင် ပြုစားထားတာလဲ မောင့်ရဲ့ အဖိုးတန်လေးရဲ့"

"ဟီး...အဲ့တာက လျှို့ဝှက်ချက် မပြောပြဘူး"

ရယ်မောကာ ပြန်ဖြေလာသည့် Jiminကြောင့် Jung Kookပါ အတူတူလိုက်ပြုံးမိသည်။ အရင်တစ်ခေါက်က အရက်တွေသောက်ပြီး နောက်ပိုင်း တစ်မှိုင်မှိုင်ဖြစ်ခဲ့တဲ့ Jiminကြောင့် Jung Kook ပျော်အောင်ပြန်ထားခဲ့တော့ အခုလိုလေး ပုံမှန်ပြန်ဖြစ်လာသည်မို့ Jung Kook ဝမ်းသာလို့မဆုံး...။

"ကြည့်ပါအုံး ပါးလေးတွေပေါ်မှာ သွေးကြောလေးတွေက အတိုင်းသား .... မောင့်ရဲ့ အဖိုးတန်လေးက လုံးဝချစ်စရာလေး"

Jung Kook ပြောပြောပြီးချင်း Jiminရဲ့ပါးကို လှမ်းနမ်းလိုက်သည်။ Jiminရဲ့ တစ်ကိုယ်လုံးက သူ့အတွက် သဘောကျပြီး မြတ်နိုးစရာတွေကြီးပဲ။

"အဲ့တာ မောင့်အတွက် သီးသန့်...."

Jiminရဲ့ အပြောကို Jung Kook သဘောကျစွာ ရယ်မိတော့သည်။ ဟုတ်တာပေါ့
Park Jiminဆိုသည့် လူသားလေးက
Jeon Jung Kookဆိုတဲ့ သူ့အတွက် သီးသန့်ဖြစ်တည်နေတဲ့ အဖိုးတန်လေးလေ။

"ဟုတ်တယ် Hyungက မောင့်အတွက် သီးသန့်အဖိုးတန်လေး"

"ဟားဟား....မောင် တော်တော့ကွာ"

Jung Kook မျက်နှာကို Jiminရဲ့ လက်ဖောင်းဖောင်းလေးနဲ့ တွန်းလွှတ်တာတောင် Jung Kookက မဖယ်ပေးဘဲ Jiminကို ထပ်စနေသည်။ ရုတ်တရပ် ဖုန်းလာတာကြောင့် Jung Kook Jiminကို ဖက်ထားတာကို မဖယ်ပေးဘဲ ဖုန်းကိုပြန်ဖြေနေသည်။

"မောင်...ဖယ်ပေးလေ"

Jiminရဲ့ ခပ်ကြိတ်ကြိတ် အသံကြောင့်
Jung Kook ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ ပိုပြီးတောင် တိုးဖက်ထားလိုက်သည်။

"......"

"ကောင်းပါပြီ မကြာခင်လာခဲ့ပါမယ်"

Jung Kook ထိုသို့ပြောကာ ဖုန်းချလိုက်ပြီး Jimin အနားကို ပိုပြီးကပ်ကာ ချွဲနေတော့သည်။

LOVE STORY ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now