6

2.8K 273 23
                                    

ဒီနေ့ဟာ Jung Kook အသက်၂၀ပြည့်တဲ့နေ့ ဖြစ်သလို Jiminနဲ့ Jung Kookအတွက်ပါ အနာကျင်ဆုံးဖြစ်ရမယ့်နေ့...။

Jimin မနက်ကတည်းက ငိုချင်စိတ်တွေက လုံးဝထိန်းမရ ဘာဖြစ်လို့ ကံကြမ္မာက သူ့ကိုမှ ဒီလိုလာရက်စက်ရတာလဲ။ သူကရော ဘယ်လိုနှလုံးသားမျိုးနဲ့ ချစ်ရသူကို ရက်ရက်စက်စက်တွေ ပြောဆိုပြီး ချစ်ရသူရဲ့ မျက်ရည်တွေနဲ့ အမုန်းတွေကို လက်ခံရမှာလဲ။

"Hyung တောင်းပန်ပါတယ် မောင် အစကတည်းက Hyung မောင့်ကို တွန်းထုတ်ခဲ့သင့်တာ အခုတော့ အလကားသက်သက် မောင့်ကို နာကျင်စေမိပြီ"

Jimin သူတို့လျှောက်လည်တုန်းက တူတူရိုက်ထားတဲ့ ဓာတ်ပုံလေးကို ဖက်ပြီးငိုလိုက်သည်။

"Hyung တစ်ကယ်တောင်းပန်ပါတယ် မုန်းလိုက်ပါ Hyungကို"

Jimin မျက်ရည်တွေသုတ်ပြီး Jung Kookကို ဖုန်းဆက်ပြီး ပန်းခြံတစ်ခုမှာ ချိန်းလိုက်သည်။ အခုဆို Jung Kookရဲ့ အဖေဖြစ်သူလည်း အသံဖိုင်ကို ဖွင့်ပြပြီးပြီလောက်ရောပေါ့။

"ဒီလမ်းကို Hyungရွေးခဲ့တာက မောင့်အတွက်ဆိုပြီးပြောရင် မောင် Hyungကို လှောင်ရယ်ပြီး တော်တော်မုန်းသွားမှာပဲ"

Jimin ပန်းခြံကိုရောက်ပြီး မကြာလိုက်
Jung Kook ရောက်လာသည်။

"ရောက်လာပြီလား မောင်"

"အင်း မောင် Hyungကို လွမ်းနေတာ"

သူ့ကိုဖက်ပြီး ပြောလာတဲ့ ကောင်လေးကို
Jimin မတွန်းထုတ်မိ မထွက်သွားခင်လေး ဒီကောင်လေးရဲ့ ရင်ခွင်အငွေ့အသက်ကို တစ်သက်လုံး မှတ်မိအောင် သူလုပ်ထားရမှာပေါ့။

အတော်အတန်ကြာပြီးမှ ဒီလောက်ဆို သူဒီကောင်လေးရဲ့ ရင်ခွင်အငွေ့အသက်ကို မမေ့လောက်တော့ပါဘူးနော်။

"Hyungကို လွှတ်ပေးအုံး Hyung
ပြောစရာရှိတယ် မောင်"

အဲ့ကျတော့ သူ့စကားအတိုင်း လွှတ်ပေးလာတဲ့ ကောင်လေးကြောင့် Jiminမှာ လမ်းခွဲတဲ့စကားကို ဘယ်လိုပြောရမှန်းမသိ အားစေးနေတော့သည်။
မပျော့ညံ့စမ်းနဲ့ ငါသာ ပျောက်ကွယ်သွားရင် မောင်က အောင်မြင်ပြီး ပျော်ရွှင်ရမှာ။

LOVE STORY ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now