13(Final)

5K 291 27
                                    

"မောင်....ထအုံး ကိုယ် ပြောစရာရှိတယ်"

မနက်လေးနာရီကြီး အတင်းနှိုးနေသည့် Jimin ကြောင့် Jung Kook အိပ်ချင်မူးတူးနှင့် နိုးလာခဲ့သည်။

"အချစ် ဘာဖြစ်လို့လဲ....နေမကောင်းဘူးလား"

မျက်လုံးမပွင့်တပွင့်နှင့် Jiminရဲ့ နဖူးအပြင် မျက်နှာတွေကိုပါ Jung Kookက လိုက်စမ်းသည့်အပြင် စောင်ကိုလည်း ထပ်ပြီးနွေးသွားအောင် ခြုံပေးလာသည်။ Jimin မှာတော့ ဒီကောင်လေးရဲ့ အပြုမူတွေကြောင့် ပြုံးမိသွားသည်။ ဒီကောင်လေးက အိပ်ချင်မူးတူး ဖြစ်နေတာတောင်မှ သူ့အား ဂရုစိုက်နေတုန်းပင်။

"ကိုယ် ခေါင်းမူးပြီး ကိုယ်လက်တွေလည်း နာနေလို့....ဆေးလေး ယူပေးလို့ရမလား မောင်"

ထိုအခါမှ Jung Kookက မျက်လုံးတန်းပွင့်လာကာ Jimin တကိုယ်လုံးအား သေချာစစ်ဆေးနေသည်။ ပြီးသည်နှင့် ကမန်ကတန်း ကုန်းရုန်းထကာ Jiminအား သက်တောင့်သက်သာရှိအောင် Jiminရဲ့ ကျောအနောက်မှာ ခေါင်းအုံးခုပေးကာ စောင်ကိုလည်း သေချာခြုံပေးသည်။

"မောင် ဆေးသွားယူမယ်....ခဏလေး စောင့်ပေးနော် အချစ်"

Jimin ခေါင်းငြိမ့်ပြလိုက်တော့ Jung Kookက အခန်းအပြင်ကို အမြန်ထွက်သွားကာ ဆေးသွားယူနေတော့သည်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတော့ နှစ်နှစ်ကျော်သွားခဲ့ပေမယ့် Jung Kookရဲ့ အချစ်တွေနဲ့ ဂရုစိုက်မှုတွေက အခုထိ မပြောင်းလဲသေးဘဲ Jimin အပေါ်သာ ထိုအရာတွေက သက်ရောက်လျှက်ရှိသည်။

Jimin ကတော့ သူ့ရဲ့ လူဆိုးလေးကို အရမ်းအလိုလိုက်ကာ ဂရုစိုက်ပေးသည်မို့ သူတို့နှစ်ယောက်၏ အိမ်ထောင်ရေးက နွေးထွေးလျှက်ပင်။

ခဏအကြာမှာ Jung Kookက ဆေးအပြင် ရေနွေးတခွက်ကိုပါ ယူလာခဲ့သည်။ ဆေးကို Jimin လက်ထဲထည့်ပေးကာ သောက်ခိုင်းပြီးတော့ ရေနွေးအား သေချာဂရုစိုက်ပေးကာ တိုက်တော့သည်။

"မောင်...ကိုယ် တောင်းပန်ပါတယ် ကိုယ့်ကြောင့် အိပ်ရေးပျက်သွားရပြီ"

Jimin ထို့သို့ပြောလိုက်တော့ Jung Kookက သူ့ဘေးနားမှာ ဝင်လှဲလိုက်ကာ သူ့အား သိမ်းကြုံးပြီးတော့ ဖက်လာသည်။

LOVE STORY ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now