မင်းရဲ့ကိုယ်ပွား ၁

23.9K 851 9
                                    

မင်းရဲ့ ကိုယ်ပွားလေး ၁

"ပြန်လာပြီလား သား"

"ရှောင်းကျန့်ရော"

အိမ်ရောက်ရောက်ချင်း ကျနော့်ကိုလာမကြိုတာမို့ မေးလိုက်မိတော့ မာမားကမျက်နှာပျက်သွားလေသည်။ ထိုစဉ် ကျနော့်အနားကို အပြေးတစ်ပိုင်းရောက်လာသည့် သူကခေါင်းလေးကိုငုံ့ထားပြီးမှ လက်ထဲ
ကအိတ်ကိုလာဆွဲယူလေတော့

"ဘာတွေလုပ်နေလို့ ငါပြန်လာတာကို ချက်ချင်းလာ
မကြိုရတာလဲ ရှောင်းကျန့် "

ဟုတ်တယ်။ ပြန်လာရင် အရင်ဆုံး မြင်ချင်တာက သူ့ရဲ့မျက်နှာလေးဆိုတာကို သူမသိဘူးလား။ အ
လိုက်ကန်းဆိုးမသိလိုက်တာ။

"တောင်းပန်ပါတယ် ဟို မီးဖိုထဲမှာမို့ အသံမကြားလိုက်လို့ပါ"

"ဒီအချိန်ငါပြန်လာနေကြဆိုတာမသိဘူးလား ဟင်"

"ဟို"

"သားရယ် အသံလေးနည်းနည်းလျော့ပြောပါ သား
ရယ် မင်းပါပါးပြန်ရောက်နေပြီသားရဲ့"

"မာမားတို့ကလည်း လွန်တယ် သူကအိမ်ဖော်မှမ
ဟုတ်ဘူး ကျနော်ခေါ်လာတဲ့ ကျနော့်လူ သူအလုပ်
လုပ်ရမှာကျနော့်အတွက်ပဲ ဘာလို့အိမ်အလုပ်တွေ
လျှောက်ခိုင်းနေရတာလဲ?"

ဟုတ်တယ် တကယ်စိတ်တိုတယ်။ တကယ်တော့
အခု ကျနော့်ရှေ့မှာ ခေါင်းလေးငုံ့ရပ်နေသည့် ဝမ်လီနင်နဲ့ ကျနော်က အသက်၁၁နှစ်လောက်ကွာပါသည်။ ကျနော်က ချူးကုမ္ပဏီပိုင်ရှင်ဖြစ်ကာ သူ့ကိုလွန်ခဲ့တဲ့ ၅နှစ်လောက်က နယ်ဘက်ကိုသွားရင်း တွေ့
ခဲ့တာပါ။ သူ့မိဘတွေက ကျနော့်အလုပ်သမားတွေ
ုဖစ်ကာ နှစ်ယောက်လုံး အလုပ်ကအပြန်ကားအက်
ဆီးဒင့်ဖြစ်ပြီးဆုံးသွားကြတာမို့ ထိုကလေးအတွက်
ကျနော့်မှာတာဝန်အပြည့်အဝရှိတယ်လို့ ခံစားမိကာ
ခေါ်ယူထားခဲ့တာ။ ထိုတုန်းက ကျနော်က ၂၂နှစ် ထို
ကလေးက ၁၀နှစ်သာရှိသေးသည်။ အခုတော့ ကျနော်က ၂၇နှစ်ဖြစ်ကာ သူက ၁၅နှစ်ဖြစ်နေပြီ။ တကယ်ဆိုသူ့ကိုခေါ်လာတာ ဒီအိမ်မှာအလုပ်လုပ်ဖို့
မှမဟုတ်တာ။ ကျောင်းထားပေးပြီး ပျိုးထောင်ပေးမ
လို့ကို မာမားတို့က ဘယ်လိုဖြစ်နေကြတာလဲမသိဘူး။

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now