မင်းရဲ့ကိုယ်ပွားလေး ၂၄

7K 460 20
                                    

"ကိုကို ကိုကို ကျနော်မှားသွားပါတယ်နော် ကျနော်တောင်းပန်ပါတယ် ကျနော်တို့ပြန်ရအောင်လေနော် ကျနော်တောင်းပန်ပါတယ် ကိုကိုရယ် နော် "

အခန်းတံခါးလော့ချကာ သော့ကိုကျနော်ကဖွက်ထားလေတော့ သူက ကျနော့်ကိုငိုယိုကာပြောလာ
လေသည်။ စိတ်မထိန်းနိုင်တော့ဘဲ မြို့ပြင်မှာရှိသည့် ကျနော်ဝယ်ထားသည့်ခြံထဲသို့ သူ့ကိုခိုးပြေးလာ
ခဲ့တာ။ သူလေးကတော့ ကားပေါ်မှာလည်း ငိုယိုနေ
ကာ ဆင်းတော့လည်း ပွေ့ချီဆင်းခဲ့ရလေပြီး အခုလည်း ငိုနေတာမတိတ်နိုင်တော့။ ကျနော့်မှာလည်း သည်နည်းလမ်းကိုလွဲရင် အခြားရွေးစရာနည်းကမရှိတော့ဘူးလေ။ တအားကြောက်နေသည့်သူလေးက
ကျနော်လက်ထပ်ခွင့်တောင်းတာကိုလည်း လက်မ
ခံမှာသိနေတာမို့ အတင်းသာခိုးပြေးလာခဲ့လိုက်လေ
တော့သည်။ ငိုနေလို့စိတ်မကောင်းဖြစ်မိပေမယ့် မ
တတ်နိုင် သူ့ကိုပြန်တော့မပို့နိုင်ဘူးမလား။

"ကိုကိုရယ် ပြန်ရအောင်ပါနော် အခုကိုကို ကျနော့်ကို လိုချင်လား ယူလေနော် ယူပြီးရင် ကျနော်တို့ပြန်ရအောင်လေနော် "

သူကပြောလိုက်ရင်း လက်ကသူ့အဝတ်အစားတွေကို ချွတ်နေလေတော့ မျက်မှောင်ကြုတ်လိုက်မိကာ စိတ်ကလည်းထောင်းခနဲတိုသွားမိလေသည်။ သူ
ဘာပြောလိုက်တာလဲ?

"ရှောင်းကျန့် မင်း ဘာပြောလိုက်တာလဲ?"

"ကိုကို လိုအပ်နေတာမလား ဟင် ဒါကြောင့် ယူပါ
လို့ပြောတာပါ ကိုကို့အလိုဆန္ဒတွေကို ဖြည့်ဆည်း
ပေးပြီးရင်တော့ ပြန်ကြရအောင်လေနော်"

"ရှောင်းကျန့် ရပ်စမ်း ရပ်စမ်း အခုရပ်လိုက်စမ်း အကျႌချွတ်နေတာကို အခုရပ်လိုက်စမ်း"

အဝတ်အစားတွေချွတ်နေသည့် သူ့လက်ကလေးကို
ကိုင်ကာ ချုပ်ထားလိုက်ပြီး ကိုယ်လေးကိုလည်း လှုပ်ယမ်းခါပစ်လိုက်ကာ အော်ပစ်လိုက်သည်။

"မင်း ဘာပြောလိုက်တယ် မင်းငါ့ကိုစော်ကားလိုက်တာလား ငါ့အချစ်တွေကို အခုစော်ကားလိုက်တာလား ရှောင်းကျန့် ဟင် မနေနိုင်မထိုင်နိုင် ငါတအား
လိုအပ်နေလို့ မင်းကိုခိုးပြေးလာတယ်လို့ထင်နေတာလား ရှောင်းကျန့်"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now