မင်းရဲ့ ကိုယ်ပွားလေး ၁၆

7K 427 10
                                    

"လာဦး"

မီးဖိုထဲမှာသိမ်းဆည်းနေသည့် သူ့လက်ကလေးကို
ဆွဲကာ နောက်ဖေးကဂိုဒေါင်ထဲခေါ်သွားလိုက်မိတော့ သူကဘေးဘီကိုကြည့်ကာ အထိတ်တလန့်လေးပါလာလေသည်။

"အစ် အစ်ကိုလေး "

"ဘာ အစ်ကိုလေးလည်း ဟင် တအားကိုတက်ကြွ
နေတယ်ပေါ့ဟုတ်လား ငါတစ်ယောက်လုံးသူများနဲ့
စုံတွဲသွားရမှာကိုတောင် တအားကိုတက်ကြွပြီးလုပ်ပေးချင်နေတာပေါ့ဟုတ်လား ဝတ်စုံအတွက်တောင်ပြင်ပေးဥိးမယ်ပေါ့"

မပြင်ပေးပါဘူးလိ့ု ကျနော်ကပြောရဲပါ့မလား အစ်ကို
လေးရယ်။ သခင်မကြီးကိ်ုယ်တိုင်ကအမိန့်ပေးနေတာကို ကျနော်ကဘယ်လို စိတ်နဲ့ငြင်းရဲပါ့မလဲ။ မလိုတဲ့အကြည့်တွေကြား အစ်ကိုလေးနားနေတာကို
မကြိုက်တဲ့ကြည့်တွေကြား ကျနော်ကဘယ်နေရာ
မှာပြေးပုန်းရမလဲဆိုတာကိုတောင် မသိတဲ့သူပါ အစ်ကိုလေးရယ် သခင်မကြီးထပ်ပြီးအမြင်မကြည်အောင် မလုပ်ပါရစေနဲ့ အစ်ကိုလေးရယ်။။

"အစ် အစ်ကိုလေးလည်း သွားမယ်ဆိုလို့ပါ"

"အဲ့ဒါမင်းကိုရွဲတာလေ မင်းကိုရွဲ့ပြီးလိုက်မယ်ပြော
တာကွ မင်းသိလား ပြောစမ်းပါဦး မနက်ကအိပ်ယာ
ဘာလို့လာမနှိုးတာလဲ အဝတ်အစားမပြင်ပေးတာလဲ မနက်စာမပြင်ပေးတာလဲ ဟင် မင်းလေးတစ်နေ့
တစ်ခြား တာဝန်တွေပျက်ကွက်နေတာနော် ဘာလဲ
ရည်းစားတွေဖြစ်သွားကြပြီဆိုပြီး မလုပ်လည်းရတယ်လို့တွေးနေတာလား?"

"မ မဟုတ်ပါဘူး အစ်ကိုလေး"

"ဒါဆိုဘာလဲ မင်းက ငါ့ကိုချစ်သူလို့မသတ်မှတ်ထားတာလား "

"...."

"ဟုတ်လား?"

"အစ်ကိုလေး"

"အစ်ကိုလေး အစ်ကိုလေးနဲ့ တော်စမ်း မခေါ်နဲ့တော့"

အစ်ကိုလေးကအလိုမကျသလိုအော်လာလေတော့
ကျနော်လန့်ကာ တုန်သွားလေသည်။ အစ်ကိုလေး
ကခါးကိုထောက်ရင်းသေချာကြည့်နေတာမို့ မနေတတ်စွာခေါင်းကိုငု့ံထားမိပြန်သည်။ ကျနော်က စကားကို အစ်ကိုလေးကျေနပ်စေမယ့်စကားလုံးလှလှလေးတွေရွေးမပြောတတ်သူပါ အစ်ကိုလေးရယ်။ ဒါပေမယ့်အစ်ကိုလေးကို ချစ်တဲ့အချစ်တွေကတော့ အစ်ကိုလေးထက်မပိုရင်တောင် မလျော့ပါဘူး။ ပြီးတော့ အစ်ကိုလေးတခြားသူနဲ့အတူူတူသွားမှာကို သဝန်တိုတာပေါ့ ဒါပေမယ့် ကျနေ့ာ်အနေနဲ့က တား
ဆီးပိုင်ခွင့်မရှိဘူးမလား။ ကျနော့်ကိုသာ အစ်ကိုလေးပိုင်တာ အစ်ကိုလေးကို ကျနော်ကမပိုင်ပါဘူး အစ်ကိုလေးရယ်။
"ငါစကားပြောနေတယ် ရှောင်းကျန့် အဲ့ဒိီမြေကြီးကို
ပဲ ကြည့်မနေနဲ့ ဒီကိုကြည့်"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now